အမေရိကန် သရုပ်ဆောင်မင်းသမီး ဂျနီဖာ အန်နစ္စတန်သည် သရုပ်ဆောင် မင်းသား ဘရက်ပစ်နှင့်ကွာ ရှင်း ပြတ်စဲမှုနှင့် လက်ရှိအချစ်ရေး အခြေအနေတို့ကို CBS Sunday Morning ရုပ်သံအစီအစဉ်၌ ထုတ်
ဖော်ပြောကြားလိုက်သည်။
ဂျနီဖာအန်နစ္စတန်နှင့် ဘ ရက်ပစ်တို့သည် ၂၀၀၀ ပြည့် နှစ်တွင် ခမ်းခမ်းနားနားမင်္ဂလာ ဆောင်ခဲ့ပြီး အတူ တကွပျော်ရွှင် စွာ နေထိုင်ခဲ့ကြသော်လည်း ၂၀၀၅ တွင် ၎င်းတို့စုံတွဲလမ်းခွဲ လိုက်ပြီဟု တရားဝင်ကြေညာခဲ့ သည်။ ဘရက်ပစ်သည် ဂျနီဖာ အန်နစ္စတန်နှင့် လမ်းခွဲပြီးနောက် တွင် Mr.& Mrs.Smith ဇာတ် ကား၌ ၎င်းနှင့်ပူးတွဲသရုပ်ဆောင် သည့် အန်ဂျလီနာဂျိုလီနှင့် ချစ် ကြိုက်ခဲ့ရာ ၎င်းတို့၏ သုံးပွင့်ဆိုင် ဇာတ်လမ်းမှာ မီဒီယာများ အထူး အာရုံစိုက်ခဲ့သည့်အကြောင်း အရာဖြစ်ခဲ့သည်။
ဂျနီဖာအန်နစ္စတန်က ဘရက်ပစ်နှင့် ကွာရှင်းပြတ်စဲမှုမှာ နာကျင်ဖွယ်မဖြစ်ခဲ့ဟု ပြောကြား ခဲ့ပြီး ၎င်းတို့၏ ဇာတ်လမ်းမှာ မီဒီ ယာသမားများအကြိုက် ဇာတ် လမ်းဟုသာ ပြောကြားခဲ့သည်။
၎င်းတို့အချင်းချင်း အပြန် အလှန်ဆုမွန်ကောင်းတောင်းပေး သော်လည်း အမြဲတစေအဆက် အသွယ်မရှိဟု ဂျနီဖာအန်နစ္စတန် က ပြောကြားခဲ့သည်။
ဂျနီဖာအန်နစ္စတန်သည် ၂၀၁၁ မှစ၍ ယခုအချိန်ထိ သရုပ် ဆောင်ဒါရိုက်တာ ဂျက်စတင် သရူးနှင့်ချစ်ကြိုက် လျက်ရှိသည်။ သို့ရာတွင် ဂျနီဖာအန်နစ္စတန်က ဂျက်စတင်သရူးနှင့်ပတ်သက် သော မေးခွန်းများကို ပွင့်ပွင့် လင်းလင်းမပြောဘဲ လမ်းကြောင်း လွှဲခဲ့သည်။ ‘‘ကျွန်မတို့ နှစ် ယောက်ရဲ့ အမှန်တရားကဘာ လဲဆိုတာကို ကျွန်မတို့သိတယ်။ ကောလာဟလတွေက နှောင့် ယှက်သံတွေပါပဲ’’ဟု ၎င်းက ပြော ခဲ့သည်။
7day

မှတ်ချက်များ