ဒေါ်ခင်ဝင်း လလည်နေ့တွင် လက်ပံတောင်းတောင်ဒေသခံများ ဦးပိုင်-ဝမ်ပေါင် အမည်ရေးထိုးထားသော အခေါင်းအား မီးရှို့ဆန္ဒပြ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုးကာရံမှုပဋိပက္ခ တွင် ဦးခေါင်းသေနတ်ထိမှန်သေဆုံးခဲ့ သည့် တောင်သူ ဒေါ်ခင်ဝင်း တစ်လပြည့်ဖြစ်သော ဇန်နဝါရီ ၂၁ရက်က လလည်ဆွမ်းသွတ်ပြီး နောက် လက်ပံတောင်းတောင်ဒေသခံများ သည် ဦးပိုင်-ဝမ်ပေါင် အမည် ရေးထိုးထား သော အခေါင်းတစ်ခုအား လူသေမီးရှို့ သည့်ပုံစံပြုလုပ်၍ ဆန္ဒပြခဲ့ကြောင်း သိရ သည်။

''မနက်မှာ ဆွမ်းကပ်ပြီး မိုးကြိုး ပြင်အလယ်ရွာသုသာန်မှာ ဒေါ်ခင်ဝင်းအုတ် ဂူရှေ့မှာ ဆုတောင်းပွဲလုပ် တယ်။ နောက်ပြီး ဝမ်ပေါင်ကုမ္ပဏီပင်မဂိတ်ပေါက်ရှေ့ အသွား လမ်းမှာ ရဲတွေက သံဆူးကြိုးပိတ်ထားလို့ အဲဒီရှေ့မှာပဲ ဦးပိုင် အသက်(၂၆)နှစ်၊ ဝမ်ပေါင် အသက်(၇)နှစ်လို့ ရေးထားတဲ့ အခေါင်းကို မီးရှို့ခဲ့ကြတာ'' ဟု ဒေသခံအမျိုးသမီးတစ်ဦး က ပြောသည်။

ယင်းဆန္ဒထုတ်ဖော်မှုနှင့် ပတ် သက်၍ စီမံကိန်းနယ်မြေပိုင်ဖြစ်သော ယင်း မာပင်ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ''မှတ်တမ်းတော့ တင်ထားတယ်။ အထက်ကို တင်ပြပြီး ဥပဒေလမ်းကြောင်းအတိုင်းဆောင် ရွက်သွားမှာပါ''ဟု ပြောသည်။

¤င်းဆန္ဒပြမှုတွင် မိုးကြိုးပြင်အ လယ်ရွာ၊ တုံအလယ်တော၊ ဆည်တည်း ရွာတို့မှ ဒေသခံအင်အား ၁ဝဝခန့် ပါဝင်ခဲ့ ကြကြောင်း သိရသည်။

အောင်နိုင်(မုံရွာ) | Yangon Media Group

မှတ်ချက်များ