မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအ ရုံးမှဦးစီးပြုလုပ်သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲနှင့် ပတ်သက်၍ သတင်း စာရှင်းလင်းပွဲပြုလုပ်ရန် ပြင်ဆင် နေသည့် သရုပ်ဆောင်သိင်္ဂီထွန်းနဲ့ အခုလိုပဲတွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါ တယ်။
မေး။ ။သတင်းစာရှင်းလင်းပွဲဘယ်တော့လောက် လုပ် ဖို့စဉ်းစားထားလဲ။
ဖြေ။ ။အခုအစ်မကအလုပ်ကိစ္စတစ်ခုနဲ့ခရီးသွားနေတာ တောင်ကြီးကိုပါ။ သတင်းစာရှင်းလင်းပွဲကတော့ အစ်မ ခရီးကပြန်လာပြီး တစ်ရက်နှစ်ရက် လောက်နေရင်တော့ လုပ်လို့ရပါပြီ။ သေချာတာတစ်ခုက ၁၃ ရက်နေ့မကျော် ဘူး။ အစ်မဆီမှာက အချက်အလက်တွေအားလုံးက စုံ နေပြီ၊ သတင်းစာရှင်းလင်းပွဲ မလုပ် ဖို့အတွက် အစ်မနဲ့စီး ပွားရေး လုပ်ငန်းအတူတူလုပ်နေတဲ့ မိတ်ဆွေတွေက တား နေလို့ မလုပ်ဖြစ်တာပါ။ သူတို့အားလုံးကတော့ အစ်မကို မလုပ်စေချင်ကြဘူး။ အစ်မကဘယ်လိုပဲ အမှန်တရား ကိုဖော်ထုတ်ပေမယ့် လဲ နောက်ကလိုက်မယ့်သူကမရှိ ဘူးလေ။
မေး။ ။သတင်းစာရှင်းလင်းပွဲအတွက် အစ်မဘက်က ဘာတွေ ပြင်ဆင်ထားလဲ။
ဖြေ။ ။အစ်မကထူးထူးခြားခြားပြင်ဆင်ထားစရာမလို ပါဘူး။ အစ်မကြုံတွေ့ခဲ့ရတဲ့ အမှန်တရားကိုပဲ အစ်မ က ပြည်သူကိုသိအောင်ချပြမှာပါ။ အကယ်ဒမီပေးပွဲမလုပ် ခင်က သူတို့တွေ ဂျာနယ်တွေ၊ စာစောင်တွေ မှာပြောခဲ့တဲ့ စကားတွေ အခုချိန်မှာ ဘယ်လိုတွေပြောင်းလဲကုန် ပြီလဲ။
အရင်တုန်းကသူတို့တွေပြောခဲ့ကြတယ်။ အနု ပညာမျက်စိနဲ့ကြည့်ပြီးတော့ အနုပညာအရည်အသွေး ကိုပဲကြည့်မှာပါဆိုပြီး သူတို့တွေပြောခဲ့ကြပါတယ်။ အဲဒါ တွေပါတဲ့ဂျာနယ်တွေ၊ စာစောင်တွေကို ချပြီးတော့ အစ်မ က သူတို့ကိုမေးမှာ ဖြေရဲရင်ဖြေလေ။ အကယ်ဒမီပေးပွဲ မတိုင်ခင်တုန်းက အစ်မဒီလိုဖြစ်တော့မယ် ဆိုတာကို သိ လိုက်တဲ့အချိန်မှာ အစ်မရဲ့ဖေ့စ်ဘွတ်ခ်ပေါ်ကိုစာတင်ခဲ့ တယ်။
ဒါပေမဲ့ သူတို့တွေရဲ့ကိုယ်ကျင့်တရား၊ အနုပညာ အရည်အချင်း၊ အရည်အသွေးတွေကိုယုံကြည်ပြီးတော့ အစ်မပြန်ဖျက်ခဲ့တယ်။ အခုအကယ်ဒမီညကတင်ခဲ့ တဲ့စာက ဒုတိယမြောက်ရေးခဲ့တဲ့စာပါ။ အစ်မဘက် ကသူတို့ကို ချပြစရာတွေ အများကြီးရှိပါတယ်။ အဲဒီလို ပြောတော့ အရင်တုန်းက အဲဒီအမှန်တရားကို ဘာဖြစ် လို့မပြောတာလဲဆိုရင် အရင်တုန်းကမသိဘူး။ အခုမှသိ တာ။ အခုမှသိလို့ အခုချပြမှာ။
မေး။ ။သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုတာနဲ့ပတ် သက်ပြီးတော့ အစ်မကိုပြောနေကြတာတွေက အကယ် ဒမီမရလို့ အခုလိုမျိုး ဖြစ်နေတယ်ဆိုပြီးတော့ ထွက်နေ တဲ့ သတင်းတွေနဲ့ပတ်သက်ပြီးတော့ရော အစ်မအ
နေနဲ့ ဘာပြောချင်လဲ။
ဖြေ။ ။အစ်မအကယ်ဒမီမရလို့ ပြောတာမဟုတ်ပါဘူး။ အစ်မက အနုပညာ အလုပ်ကို အရမ်းကိုဝါသနာပါတဲ့ အတွက် ၂၅နှစ်လုံးလုံးလုပ်လာတဲ့သူပါ။ အခု အစ်မ သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုတာရော၊ အခုဂျာ နယ် တွေ၊ သတင်းစာတွေမှာပြောနေတာတွေအားလုံးက အစ်မ အကယ်ဒမီမရလို့ ပြောနေတာ မဟုတ်ဘူး။ အကယ် ဒမီရွေးချယ်ရေးအဖွဲ့မှာပါဝင်တဲ့အဖွဲ့ဝင် ၃၆ယောက်က အကယ်ဒမီကို ပညာအရည်အချင်းကို ရွေးတာလား။လူကိုရွေးခဲ့ကြတာ။ အသည်းယားလွန်းလို့ အခုလိုမျိုး ပြောနေရတာ။
အစ်မပြောပြမယ်”စုန်းပြူး”ရုပ်ရှင် ဇာတ်ကားကြီးကို ဇာတ်ပို့နေရာကနေပြီးတော့ ရိုက်ဖို့ အတွက် အစ်မကို လာငှားတုန်းက ထုတ်လုပ်သူရော၊ ဒါရိုက်တာရောက မသိင်္ဂီ ဒီဇာတ်ကားမှာ ဇာတ်ပို့နေရာ ကနေပြီးတော့ ရိုက်ပေးပါဆိုပြီးတော့ လာငှားကြတာ။ဆင်ဆာတင်တော့လဲ ဇာတ်ပို့မင်းသမီးနေရာကနေပြီး တော့ မသိင်္ဂီ လက်မှတ်ထိုးပေးပါဆိုပြီးတော့ပြောတဲ့အတွက် အစ်မ လက်မှတ်ထိုးပေးလိုက်တာကိုလဲ”စုန်းပြူး” ရုပ်ရှင် ဇာတ်ကားထဲမှာပါတဲ့ သရုပ်ဆောင်တွေ၊ ဒါရိုက် တာတွေအားလုံးအသိပဲ။ နောက်ပြီးတော့မှ အဓိကသ ရုပ် ဆောင်တွေများနေတယ်ဆိုပြီးတော့ အချိန်းအချက်လုပ် လိုက်ကြတာ။
အဲဒီတော့ အဲဒီဇာတ်ကားက အကယ်ဒမီ ဆန်ခါတင်ထဲဝင်နေပြီ။ အဲဒီတော့ဘယ်သူတွေက ဘာ တွေလုပ် လိုက်ကြလဲဆိုတာကို အစ်မသိတယ်။ အဲဒါ ဘယ်သူတွေလဲလို့မေးရင် အစ်မပြောရတော့မယ်လေ။ အစ်မက နာမည်တွေတပ်ပြီးတော့ပြောရင် သူတို့ဂုဏ် သိက္ခာတွေသွားပြီ။ အဲဒီလိုဖြစ်အောင် သူတို့ဘက်က လုပ်နေကြတာ။ အစ်မ အခုလိုပြောနေတာက အမုန်းခံ ပြီးတော့ကိုပြောနေတာ။ အခုဟာကအစည်းအရုံးက လုပ်လိုက်တော့မှပဲ ဖောင်းပွသွားတာ။ အားလုံးကမျှော် လင့်နေကြတာလေ။
နိုင်ငံတော်က လုပ်တုန်းကတော့ အသည်းအသန်လိုချင်လိုက်တာ။ သူတို့လဲ လုပ်ခွင့်လဲ ရရော လက်မှတ် တစ်စောင်ရဖို့အတွက် အနုပညာရှင် တွေက အစည်းအရုံးမှာ မနက်မိုးလင်းကတည်းကလာ ညမိုးချုပ်ထိ လာစောင့်ရတယ်။ ဒီမိုကရေစီ စနစ်ကျကျ လုပ်နေတယ်ပြောပြီးတော့ အဆင့်ခွဲခြားတယ်။ ပွဲထဲမှာ ဓာတ်ပုံ ရိုက်လို့မရဘူး။ ဘာလုပ်လို့ မရဘူးဆိုပြီးတော့ စည်းကမ်းချက်တွေ ထုတ်လိုက်တာ။ ပြီးလဲပြီးရော ဘယ် နေ ရာကိုလိုချင်ရင်ဘယ်လောက်ပေးရမယ်။ ဘယ်သူမို့လို့ အထဲကိုဝင်ခွင့်ပေးလိုက်တယ်တို့ ဖြစ်ကုန်ရော။ အဲဒါ ကိုပြောတော့ အစည်းအရုံးရန်ပုံငွေနည်းနေလို့တဲ့လေ။
မေး။ ။အခုလိုပြောနေတာက ဇာတ်ပို့သရုပ်ဆောင် အမျိုးသမီးဆုကို ရသွားတဲ့သူကို အစ်မဘက်က မနာ လိုလို့ပြောနေတယ်လို့ ပြောဆိုနေကြတာနဲ့ ပတ်သက် ပြီးတော့လဲ အစ်မက ဘာများပြောချင်ပါလဲ။
ဖြေ။ ။အခုအစ်မပြောနေတာက သိင်္ဂီထွန်းဆိုတာကို ဖယ်ထား။ မခိုင်လေးကိုလဲဖယ်ထားလိုက်။ အစ်မက မခိုင်လေးကို မနာလိုဖြစ်စရာအကြောင်းမရှိဘူး။ မနာ လိုလဲမဖြစ်ဘူး။ အခုအစ်မပြောနေတာတွေ အားလုံး က အမှန်တရားဆိုတာ သူတို့တွေသိတယ်။ အစ်မပြောနေ တဲ့အမှန်တရားက အစ်မအတွက်မဟုတ်ဘူး။ အခုလို ပြောနေတဲ့အတွက် အစ်မကို သူတို့လုပ်လို့ရတဲ့ အနု ပညာအလုပ်တွေ ပိတ်လိုက်မယ်။ ရတယ်။ အစ်မဂရုမ စိုက်ဘူး။ အခုပြောနေတာတွေက နောက်လာမယ့် အနု ပညာရှင်တွေအတွက် အမှန်တရားကို သိသိကြီးနဲ့ဖုံး ကွယ်ထားမယ်ဆိုရင် အစည်းအရုံးကို ဘယ်အနုပညာ ရှင်ယုံကြည်မှာလဲ။
အစ်မဒီနှစ်အကယ်ဒမီမရတာက အစ်မရဲ့အရည်အချင်းညံ့လို့မဟုတ်ဘူး။ အနုပညာရှင် တွေတော်တော် များများက အားသွန်ခွန်စိုက်ကြိုးစား ထားကြတယ်။ အကယ်ဒမီရမယ်လို့ မှန်းထားပြီးတော့ မရကြရင် ကိုယ့် ဘာသာနှစ်သိမ့်တဲ့ အနေနဲ့အနုပညာညံ့ လို့ဆိုပြီးပြောကြတယ်။ အစ်မကတော့ အဲဒီလိုမဟုတ် ဘူး။ သူတို့
ရွေးသွားတာ ပုဂ္ဂိုလ်ရေးဘက်ကိုလိုက်ပြီးတော့ ရွေးသွားတဲ့အတွက် အစ်မအကယ်ဒမီမရတာ၊ ညံ့လို့မ ဟုတ်ဘူး။ ”စုန်းပြူး”ဇာတ်ကားကို ကြည့်ကြည့်လိုက်၊ အများအမြင်နဲ့ဆုံးဖြတ်မယ်ဆိုရင်တောင် သိင်္ဂီထွန်းမ ရှုံး ဘူးဆိုတာ ရဲရဲကြီးပြောရဲတယ်။
ဒီမိုကရေစီတူဒေး
ပင်မ
/
‘စုန်းပြူးဇာတ်ကားကို ကြည့်ကြည့်လိုက်၊ အများအမြင်နဲ့ ဆုံးဖြတ်မယ် ဆိုရင်တောင် သိင်္ဂီထွန်းမရှုံးဘူးဆိုတာ ရဲရဲကြီးပြောရဲတယ်’
.jpg)
မှတ်ချက်များ