လိပ်ကျွန်းတွင် ဗြိတိန် အမျိုးသမီးတဦး ထပ်မံပျောက်ဆုံး
ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်းမှာ နောက်ဆုံး တွေ့မြင်ခဲ့ ရပြီးနောက် ပျောက်ဆုံးသွားတဲ့ ဗြိတိန် ခရီးသွား အမျိုးသမီး တဦးကို အသည်း အသန် ရှာဖွေနေတယ်လို့ ဆိုပါတယ်။
ပျောက်ဆုံး နေသူဟာ အသက် ၂၇ နှစ်အရွယ် လော်ရန် ဟက်ဒန် ဖြစ်ပြီး နိုင်ငံရပ်ခြားမှာ ပျောက်ဆုံးသူများ ရှာဖွေရေး အဖွဲ့က ရှာဖွေနေတယ်လို့ ဗြိတိန် အခြေစိုက် The Mirror သတင်းမှာ ရေးပါတယ်။
၂၀၁၃ ခုနှစ် စက်တင်ဘာလက စတင် ခရီးသွားနေတာ ဖြစ်သလို အီးမေးလ်၊ စကိတ်တွေနဲ့ ပုံမှန် အဆက် အသွယ်ရှိပေမယ့် ၂၀၁၄ စက်တင်ဘာလမှာ ဆက်သွယ်မှု ပြတ်တောက်သွားတယ်လို ဆိုပါတယ်။
၂၀၁၄ ဒီဇင်ဘာမှာတော့ အီးမေးလ်တစောင် လက်ခံရရှိခဲ့သလို လော်ရန်နဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ မြင့် တက်နေတယ်လို့ ဒီအဖွဲ့က ထုတ်ပြန်ပါတယ်။
သူဟာ လိပ်ကျွန်းမှာ နောက်ဆုံး ရှိတယ်လို့ ယူဆရပြီး တခြားကျွန်းတွေကို သွားနိုင်တယ်လို့လည်း ခန့် မှန်းနေပါတယ်။
လော်ရန်ဟာ ခရစ္စမတ်နဲ့ နှစ်ကူးတွမှာလည်း မိသားစုကို ဆက်သွယ်ခဲ့ခြင်းမရှိဘူးလို့ အဖွဲ့ထုတ်ပြန်ချက် မှာ ရေးပါတယ်။
DVB

မှတ်ချက်များ