ဆောက်သမ်တန်ကို အရေးနိမ့်သည့် ပွဲအပြီးတွင် ဆေးလိပ် သောက်နေခဲ့သည့်အတွက် ဝေါ့ဆစ်ခ်ျ ဆက် ဇနီကို အာဆင်နယ် အသင်းက ပေါင်စတာလင် (၂၀၀၀၀) ဒဏ်ကြေး တပ်ရိုက်ခဲ့ကြောင်း သိရှိရသည်။
အသက်(၂၄)နှစ်ရှိ ပိုလန်လက်ရွေးစင် ဂိုးသမားသည် စိန့်မေရီတွင် (၂-၀)ဖြင့် အရေးနိမ့်ခဲ့သည့် ပွဲစဉ်၌ (၂)ဂိုးလုံး ၎င်း၏ အမှားမကင်းဘဲ ခွင့်ပြုပေးခဲ့ရသည်။ အဆိုပါ ပွဲစဉ်အပြီးတွင် အဝတ်လဲခန်းထဲရှိ ရေချိုးခန်း ထဲ၌ ၎င်းက ဆေးလိပ်ကို မီးညှိနေသည့် ဓာတ်ပုံများ ထွက်ပေါ်လာသည့်နောက် အားကစားသမား မပီသ သည့် အပြုအမူအတွက် ပြန်လည် တောင်းပန်ရန် ဖိအားပေး ခံခဲ့ရသည်။ ဆက်ဇနီသည် ဟူးလ်စီးတီးကို အနိုင်ရသည့် FAဖလား ပွဲစဉ်တွင်မူ ပွဲထွက်ခွင့် မရဘဲ အရန်ဂိုးသမား ဒေးဗစ် အော့စ်ပီနာကို နေရာဖယ်
ပေးခဲ့ရသည်။ ထိုပွဲစဉ်တွင် ဆက်ဇနီသည် အရန်ခုံတန်းတွင်ပင် ရှိမနေခဲ့ချေ။
ဆက်ဇနီ အနေဖြင့် ဆေးလိပ်သောက်ခြင်းကြောင့် ပြဿနာ တက်ရသည်မှာ ယခုတစ်ကြိမ် ပထမဆုံး မဟုတ် ဘဲ (၂၀၁၃)ခုနှစ်၊ နွေရာသီကလည်း ဆေးလိပ်သောက်နေသည့် ဓာတ်ပုံများ နှစ်ကြိမ်တိုင် ထွက်ပေါ်ခဲ့ဖူး သည်။ အာဆင်နယ်သည် FAဖလား ပွဲစဉ်များတွင် ဒုတိယ ဦးစားပေး ဂိုးသမားကို အသုံးပြုလေ့ ရှိသော် လည်း အာဆင်နယ် ကစားသမားဟောင်း ဂျွန်ဂျန်ဆန်က ဟူးလ်စီးတီးနှင့်ပွဲတွင် ဆက်ဇနီကို မတွေ့ရခြင်း သည် အသင်းမန်နေဂျာ အာစင်ဝင်းဂါးနှင့် ပြဿနာ တစ်စုံတစ်ရာ ရှိနေ၍ ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။
အာဆင်နယ် အသင်းကမူ ယင်းအဆိုကို ငြင်းပယ်ထားပြီး ဆက်ဇနီသည် မိမိတို့၏ ဦးစားပေး ဂိုးသမားအ
ဖြစ်ဆက်ရှိနေမည်ဟု ဖြေရှင်းထားသည်။
Soccer Myanmar

မှတ်ချက်များ