၂၀၁၅ ခုနှစ်တွင် MCPA နှင့် MCIA မှ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ တက္ကသိုလ်များသို့ လှည့်လည်ကာ ပညာဖြန့်ဝေသွားမည်

မန္တလေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း
(MCPA) နှင့် မန္တလေးတိုင်းဒေသကြီး ကွန်ပျူ တာ လုပ် ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ ၂၀၁၅ခုနှစ် မှ စတင်ကာ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တက္ကသိုလ် များအားလုံးသို့ သွားရောက်ကာ ပညာ ရပ်ဆိုင်ရာများ ဖြန့်ဝေသွားရန်ရှိကြောင်း သိရ သည်။

အသင်းများမှ ကျွမ်းကျင် ပညာရှင်များ၊ နည်းပညာဆိုင်ရာ သင်ထောက်ကူပစ္စည်းများအား မော်တော်ယာဉ် များဖြင့် တစ်ပါတည်း သယ်ဆောင်ပြီး၊ တက္ကသိုလ်ကျောင်းများအထိ သွားရောက်ကာ ပညာဖြန့်ဝေခြင်း၊
ဆွေးနွေးမှု၊ ဟောပြောမှုများ ပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။

InternetJournal

မှတ်ချက်များ