ဂျပန်ဂျာနယ်ရဲ့ Yangon Press Successful Womanကဏ္ဍ အတွက် အင်တာဗျူးခံရတဲ့ နန်းဆုရတီစိုး

ဓာတ်ပုံ-Aroma(Zulu studio)
နန်းဆုရတီစိုးကဖားကန့်ဘက်မှာသီချင်းသွားဆိုရင်းနဲ့ မှော်စီစာမှာရှိတဲ့ စေတီရဲ့အုတ်တံတိုင်းအသစ်ဆောက်ဖို့အ တွက်သူ့ရဲ့အနုပညာကြေးထဲကအလှူငွေ၅သိန်းထည့်ဝင်လှူဒါန်းခဲ့ကြောင်းသိရပါတယ်။ဖားကန့်ဒေသဟာဆို ရင်လည်း သီချင်းသွားဆိုနေကျနေရာဖြစ်တာကြောင့် နန်းဆုရတီ စိုးနဲ့ ရေစက်ပါတယ်လို့ ပြောရမှာဖြစ်ပြီး အခုလိုပါဝင်လှူဒါန်းခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရကြောင်း နန်းဆုရတီစိုးက ပြောပါ တယ်။နယ်ဖျော်ဖြေ ပွဲတွေသွားဖြစ်နေတဲ့ နန်းဆုရတီစိုးကို ဂျပန်ဂျာနယ်မှ Chief Editor ဖြစ်သူMr. Tomio Kurihara က လာ
ရောက်တွေ့ဆုံကာ အင်တာဗျူးလုပ်ခဲ့ပြီး Yangon Press Successful Woman ကဏ္ဍမှာ နန်းဆုရတီစိုးရဲ့ အတ္ထုပ္ပတ္တိ ကို ဂျပန်ဘာသာနဲ့ ဖော်ပြသွားမှာဖြစ်ကြောင်းသိရပါတယ်။

ဒီဂျပန်ဂျာနယ်မှာ အရင်ကသရုပ်ဆောင် လူမင်းနဲ့ ထွန်းအိန္ဒြာဗိုတို့ရဲ့အကြောင်းများကိုလည်း ဖော်ပြခဲ့ဖူး
ကြောင်းသိရပါတယ်။ အခုလို ဂျပန် နိုင်ငံမှ လာရောက်အင်တာဗျူးခဲ့ပုံများကို နန်းဆုရတီစိုးက “သူတို့က ဂျပန်လည်းရောက်ဖူးရမယ်။ဂျပန်နဲ့အဆက်အစပ်ရှိတဲ့လူမျိုးကိုmeeting တွေထိုင် ပြီးရွေးပြီးတော့မှ ရက်ချိန်း ပြီးလာမေးတာပေါ့။ တော်တော်အံ့သြသွားတယ်။ သူကအကုန်လုံး စုံစမ်း လေ့လာပြီး တော့မှလာမေးတာ။ နန်းဆုဘာ အခွေတွေထွက်ထားတယ်။ ဘယ်ဇာတ်ကားတွေထွက် ထားတယ်။ ဘာကြိုက်တယ်။ အဖေနာ မည်ဘယ်သူ၊ အမေနာမည် ဘယ်သူ အကုန်လုံးသိတယ်။

Profile စာရွက်ကြီးနဲ့လာတာ။ ပရိသတ်ကို တစ်ခုခုမက်ဆေ့ခ်ျပေးနိုင်မယ့် အရာမျိုးတွေကိုလာမေးသွားတာ။
ဘယ်လိုမျိုးတွေ ဖြတ်သန်းခဲ့ ရလဲ။ စိတ်ထဲမှာ ဘယ်လိုခံယူ ချက်တွေရှိလဲ။ ပထမဦးဆုံးအတွေ့အကြုံတွေ ကဘယ်လိုမျိုးလဲ။ ဂျပန်လူမျိုး တွေကို ဘယ် လိုမြင်လဲဆိုတဲ့မေးခွန်းေ တွမေးသွားတယ်။ ဂျပန်ဘာသာ နဲ့ဖော်ပြမှာဆိုတော့ ဂျပန်လူမျိုး တွေဖတ်ကြမှာလေ။

နန်းဆုရဲ့ Profile ကိုယ်ရေးအကျဉ်း၊ ခံစားချက်၊ ဘဝ ဖြတ် သန်းမှုပုံစံတွေ ဖော်ပြပြီးတော့ နောက်ဆုံးပိတ် ကျမှ နန်းဆုရဲ့ဂျပန်လူမျိုးတွေအပေါ်ထင်မြင်ချက် ကို ဖော်ပြမယ်။ ဂျပန်လူမျိုးတွေက နန်းဆုတို့နိုင်ငံကို အများကြီးကူညီ ထားတယ်လေ။ နန်းဆု တို့နိုင်ငံကဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံဖြစ်တဲ့အတွက်၊အခုလို ကူညီပေး တဲ့အတွက်အများကြီး ဝမ်း သာတယ်။ သူတို့ နိုင်ငံကိုလည်းတအားအားကျမိတယ်။ နန်းဆုတို့နိုင်ငံကိုလည်း ပိုပြီးကူ ညီစောင့်ရှောက်ဖို့ မျှော်လင့်တဲ့အကြောင်းပြောခဲ့တယ်” လို့ ဂျပန် ဂျာနယ်အတွက် အင်တာဗျူး ဖြေ ခဲ့တဲ့ အကြောင်းများကို ပြောပြခဲ့ပါတယ်။

ခိုင်ဝေလွင် | Popular News

မှတ်ချက်များ