AIDS ရောဂါ ခံစားနေရသူ ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေ


မိုးကုတ်မြို့တွင် AIDS ရောဂါ ခံစားနေရသူ တစ်ဦး မိမိကိုယ်ကို မီးရှို့သတ်သေမှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ (၆.၂.၂၀၁၅) ရက်နေ့ (၂၃း၀၀) အချိန်တွင် မိုးကုတ်မြို့တွင် လူတစ်ဦး မိမိကိုယ်ကို မီးရှို့သေဆုံးခဲ့ကြောင်း သတင်း ရရှိ၍ မြို့မ ရဲစခန်းမှူး (မိုးကုတ်) ဒုရဲမှူး သိန်းဝင်းနှင့် အဖွဲ့သည် သက်သေများနှင့် အတူ သွား
ရောက် စစ်ဆေး ရာ သေဆုံးသူ မှာ ဦး ----- (၅၁)နှစ်၊ ကျောက်သွေး လုပ်ငန်း (ဘ) ဦး -----ဖြစ်ပြီ ခန္ဓာကိုယ် တစ်ခုလုံးတွင် မီးလောင်ဒဏ်ရာ များဖြင့် သေဆုံး နေကြောင်း သိရှိရသည်။

၎င်း၏ နေအိမ် အောက်ထပ်တွင် နေထိုင်သည့် ညီမ ဖြစ်သူ မ ----- (၃၈)နှစ်( ) မှီခို၏ ပြောပြချက် အရ (၆.၂.၂၀၁၅) ရက်နေ့ (၁၉း၃၀) အချိန် ခန့် မ ----နှင့် အစ်မ မ ----- တို့သည် တစ်အိမ်ကျော် နေထိုင်သူ အစ်မ ဖြစ်သူ ဒေါ် -----၏ နေအိမ်သို့ ဗီဒီယို သွားကြည့်ပြီး (၂၀း၃၀) အချိန်ခန့်တွင် နေအိမ်သို့ ပြန်လည် ရောက်ရှိ၍ အိမ်အောက်ထပ်တွင် အိပ်နေ ကြစဉ် ပတ်ဝန်းကျင်ရှိ သူများက ညှော်နံ့ ရကြောင်း လာပြော သဖြင့် အိမ် အပေါ်ထပ်သို့ တက်ကြည့်ရာ ဦး -----အား အိပ်ရာ ခုတင်ဘေးတွင် တစ်ကိုယ်လုံး မီးလောင် ဒဏ်ရာ များဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်းသိ ရသည်။

၎င်းသည် လွန်ခဲ့သည့် (၁၀) နှစ်ခန့် ကလည်း ၎င်း၏ ဗိုက်အားဓားဖြင့် ထိုး၍ သတ်သေရန် ကြိုးစား သဖြင့် မိုးကုတ် ဆေးရုံတွင် တက်ရောက် ကုသခဲ့ရပြီး AIDS ရောဂါခံစားနေရသူ ဖြစ် ကြောင်း သိရသည်။ (၇.၂. ၂၀၁၅) ရက်နေ့တွင် မြို့မ ရဲစခန်း (မိုးကုတ်) က သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၅) ဖြင့် အမှုဖွင့် စစ်
ဆေးလျက် ရှိကြောင်း သိရသည်။

The Messenger Media

မှတ်ချက်များ