ကမ္ဘာပေါ်မှာ အလေးစားထိုက်ဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ Angelina Jolie


လက်ရှိမှာ ဒါရိုက်တာ အဖြစ်ပါ လုပ်ကိုင်နေပြီဖြစ်တဲ့ ဟောလီးဝုဒ်မင်းသမီး Angelina Jolie ဟာ နိုင်ငံပေါင်း ၂၃ နိုင်ငံက လူဦးရေ ၂၅၀၀၀ ရဲ့ ရွေးချယ်မှုနဲ့ ကမ္ဘာပေါ်မှာ အလေးစားထိုက်ဆုံး အမျိုးသမီးအဖြစ် သတ် မှတ်ခံခဲ့ရပါတယ်။

YouGov လို့ခေါ်တဲ့ ၀က်ဘ်ဆိုက်ကနေ မဲပေးရွေးချယ်စေခဲ့ရာမှာ အသက် ၃၉ နှစ် အရွယ် ကလေး ၆
ယောက်ရဲ့ Angelina Jolie ဟာ နိုဘယ်ဆုရှင် မာလာလာ ၊ ဟီလာရီ ကလင်တန် ၊ အယ်လီဇဘတ် ဘုရင်မကြီးနဲ့ အမေရိကန် သမ္မတ ကတော် မီရှယ် အိုဘားမား တို့ကို ကျော်လွန်ပြီး အခုလို ရွေးချယ် ခံခဲ့ရတာဖြစ်ပါတယ်။

ကမ္ဘာ့အလေးစားထိုက်ဆုံး အမျိုးသားစာရင်းထဲမှာတော့ မိုက်ခရိုဆော့ဖ် လုပ်ငန်းရဲ့ သူဋ္ဌေး Bill Gates ဟာ အမေရိကန်သမ္မတ အိုဘားမားကို ကျော်လွန်ပြီး မဲအများဆုံးရခဲ့တယ်လို့ သိရပါတယ်။

Trend Myanmar

မှတ်ချက်များ