မကြာမီ ရယူသုံးစွဲနိုင်တော့မယ့် Apple ရဲ့ အသားရောင်မျိုးစုံ အီမိုဂျီ ရုပ်ပုံများ


ယခုလ အစောပိုင်းမှာ Apple က developer တွေဟာ OSX 10.10.3 အစပြုဆောင်ရွက်နေခဲ့ကြပြီး update ဖြစ်ကာ အသားရောင်မျိုးစုံ ပါဝင်တဲ့ အီမိုဂျီရုပ်ပုံများ ဖန်တီးလုပ်ဆောင်ပေးမယ့်ဆိုတဲ့ ကတိနဲ့ အတူ iOS 8.3 beta ကို စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ဒါပေမယ့် ဒီအီမိုဂျီအသစ်တွေ ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတာ ခုချိန်ထိတော့ မသိရှိရပါဘူး။ ဒီကနေ့ပဲ Apple မှ ဒီဇိုင်းပြန်လည် ပုံဖော်ထားတဲ့ အီမိုဂျီခလုတ်ခုံတွေနဲ့ အီမိုဂျီရုပ်ပုံတွေရဲ့ အသားရောင်ကွဲပြားခြားနားတဲ့ သူ့ရဲ့ ဒုတိယမြောက် OS X 10.10.3 နဲ့ iOs 8.3 beta update တွေကို စတင်ဖြန့်ဖြူးခဲ့ပြီးစလို့ ဆိုပါတယ်။ အသုံးပြုသူ အနေနဲ့ ရုပ်ပုံတွေကို တို့ထိပေးလိုက်မယ်ဆိုရင် အသားရောင် ပြောင်းလဲသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ယခုဆိုရင် မိသားစု အီမိုဂျီရုပ်ပုံ အမျိုးအစားမှာ လိင်တူစုံတွဲတွေနဲ့ ကလေးမရတဲ့ စုံတွဲ စတာ
တွေတောင် ပါဝင်ပါတယ်။

ရရှိနိုင်တဲ့ အသားအရောင် tone က (၅) မျိုးရှိပါတယ်။ ရရှိနိုင်သော ရုပ်ပုံ (Character) အသစ် ၃၀၀ ကျော် ရှိတယ်။ ဒီမတူညီကွဲပြားတဲ့ အီမိုဂျီတွေ စီစဉ်လုပ်ဆောင်ဖို့ ကြေငြာခဲ့ချိန်ကတည်း ယခုထိဆိုရင် (၁) နှစ်နီး ပါး ရှိနေပြီဖြစ်ပြီး ယခုလတ်တလောမှာ စမ်းသပ် စစ်ဆေးသူများသာ သုံးခွင့်ရှိနေသေးတာဖြစ်ပါတယ်။ Update ကိုတော့ ဒီနှစ်နွေဦးမှာ အယောက်တိုင်း အသုံးပြုနိုင်ဖို့ မျှော်လင့်ထားပါတယ်။

Trend Myanmar

မှတ်ချက်များ