အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုမို ချစ်လွယ်ကြိုက်လွယ်ကြဟုဆို
အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုခုံမင်နှစ်သက် တတ်ကြကြောင်း အရွယ်ရောက်ပြီးသူ အယောက် ၂၀၀၀ ကို စစ်တမ်းကောက်ယူရာကနေတဆင့် သိရှိရပါတယ်။ အမျိုးသားတွေရဲ့ ထက်ဝတ်ကျော်ဟာ သူတို့ ဘဝမှာ ချစ်သူတစ်ယောက် ထက်မက ရှိခဲ့ကြတယ်လို့ ဖြေဆိုကြပြီး အမျိုးသမီး ၄၅% ကသာ အမျိုးသား
တွေရဲ့ အဖြေမျိုးကို ပေးခဲ့ကြတာပါ။
Match.com ရဲ့ ၂၀၁၁ ခုနှစ်မှာ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုက အမျိုးသား ၅၄% ဟာ မြင်မြင်ချင်း ချစ်ကြိုက် ခဲ့ကြပြီး အမျိုးသမီး ၄၄% ကသာ အမျိုးသားတွေလို စတွေ့တွေ့ချင်း ခုံမြင်နှစ်သက် တတ်သူတွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။ VoucherCloud.com ကနေ ဆောင်ရွက်တဲ့ နောက်လေ့လာမှု တစ်ခုမှာတော့ လက်ရှိ သမီးရည်းစားဘဝ ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးနဲ့ အမျိုးသား အယောက် ၂၀၀၀ ကို သူတို့ ချစ်တွေဖြစ်လာဖို့ အချိန် ဘယ်လောက် ယူခဲ့ ရလဲလို့ မေးမြန်းကြည့်ရာမှာတော့ အမျိုးသားတွေဟာ (၃) လ လို့ဆိုကြပြီး အမျိုးသမီးတွေကတော့ (၅) လ ကြာမြင့်ကြောင်း ပြောဆိုခဲ့ကြပါတယ်။
Trend Myanmar

မှတ်ချက်များ