တစ်နေ့တာဟောစာတမ်း(၂၄ ဖေဖော်ဝါရီလ ၂၀၁၅)
Aries (မတ်- ၂၁ ရက် မှ ဧပြီ-၂၀ ရက်နေ့ မွေးသူများ)
ယနေ့အတွက် အခွင့်အရေးကောင်း စွမ်းအားကောင်းများ ရရှိလာမည်။ ပတ်ဝန်းကျင်မှ အခြားသောသူများ၊ လုပ်ဖော်ကိုင်ဖက်များ၏ လုပ်ငန်းအစီစဉ်များ၊ ပြဿနာများကို ဝိုင်းဝန်းဖြေရှင်းပေးနေရမည်ဖြစ်သည်။
Taurus (ဧပြီ-၂၁ မှ မေ-၂၁ ရက်နေ့ မွေးသူများ)
ရည်မှန်းချက်ပန်းတိုင်အတွက် တစိုက်မတ်မတ်စိတ်ဝင်တစားကြိုး စားနေမည်။ လုပ်ဖော်ကိုင်ဖက်အပေါင်းအသင်းများကိုလည်း အကူအညီများပေးနေမည်။ တခြားအပိုပြဿနာများမရှိပါက တစ်ကိုယ်ကောင်းဆန်သော ဆုံးဖြတ်ချက်၊ လုပ်ဆောင်မှုများကို လုပ်ဆောင်ရန်သင့်တော်သည့် နေ့တစ်ရက်တာလည်းဖြစ်သည်။
Gemini (မေ-၂၂ မှ ဇွန် ၂၁ ရက်နေ့ မွေးသူများ)
တက်ကြွဖျက်လတ်ခြင်း၊ စိတ်ဓာတ်ခွန်အားများရှိခြင်းတို့ဖြင့် တစ်နေ့တာဖြတ်သန်းနေရမည်။ သင်၏ကိုယ်ပိုင်အလုပ်ကို စိတ်ဝင်စားသူ၊ စိတ်အားထက်သန်သူများပေါ်လာမည်။ ယှဉ်ပြိုင်မှုများ၏ နောက်ကွက်တွင် အောင်မြင်ရန်နည်းလမ်းကောင်း များကို ရှေ့ကစံပြပုဂ္ဂိုလ်များ၏နည်းလမ်းများကို လိုက်သင့်ပါသည်။
Cancer (ဇွန်-၂၂ မှ ဇူလိုင် ၂၂ ရက်နေ့ မွေးသူများ)
လုပ်ရိုးလုပ်စဉ်၊ ပုံမှန်အလုပ်အကိုင်များ အဆင်ပြေချောမွေ့သောနေ့ရက်တစ်ရက်သာဖြစ်သည်။ ကိုယ်ပိုင် အစွမ်းအစ၊ အရည်အချင်းများ ထုတ်ဖော်ပြသခွင့်ရမည်လည်းဖြစ် သည်။ တစ်ကိုယ်ကောင်းဆန်၊ တစ်ကိုယ်တော် နေထိုင်ချင်စိတ်များ ဖြစ်ပေါ်လာပါက ပုံမှန်ထက် နှစ်ဆ၊သုံးဆ ကြိုးစားအားထုတ်သင့် သည်။
Leo (ဇူလိုင်-၂၃ မှ သြဂုတ် ၂၃ ရက်နေ့ မွေးသူများ)
အခွင့်အရေးများအတွက် လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်ပါက ပိုမိုသင့်တော်သည်။ အကောင်းဆုံး ဖန်တီး နိုင်မှုစွမ်းရည်များဖြင့် လုပ်ငန်းများဆောင်ရွက်သင့်သည်။ အားကစား၊ စီမံခန့်ခွဲမှု၊ သင်ကြားရေး လုပ်ငန်းများတွင် အောင်မြင် နိုင်မည်။
Virgo (သြဂုတ်-၂၄ မှ စက်တင်ဘာ-၂၂ ရက်နေ့ မွေးသူများ)
မလိုအပ်ပဲ စွမ်းရည်များအသုံးချခြင်း၊ အလျှင်စလို ဆုံးဖြတ်ချက်များချခြင်းကို ရှောင်ရှားသင့်သည်။ မည်သည့်စိတ်ဖိစီးမှု ၊ စိတ်ရှုပ်ထွေးမှု များကို မိမိထံအလွယ်တကူ ဝင်ရောက်ခွင့်မပြုသင့်။ မိသားစုဝင်များ၊ ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများနှင့် စိတ်ဝမ်းအနည်းငယ်ကွဲနိုင်သည်။
Libra (စက်တင်ဘာ-၂၃ မှ အောက်တိုဘာ-၂၃ ရက်နေ့ မွေးသူများ)
စီးပွားရေးလုပ်ငန်းများ အရှိန်မြင့်လုပ်ဆောင်သင့်သည်။ ရာသီဖွား၏လက်ရှိရောက်ရှိနေသည့် နေရပ်အနေအထားက အဆင်ပြေဆုံးဖြစ်နိုင်သည်။ လုပ်ငန်းနယ်ပယ်များတွင် မိမိ၏ကောင်းသတင်းများ ကြားနေရမည်။
Scorpio ( အောက်တိုဘာ-၂၄ မှ နိုဝင်ဘာ-၂၂ ရက်နေ့ မွေးသူများ)
လုပ်ဆောင်ရမည့်တာဝန်များအတွက် အားထုတ်နိုင်မှုဥာဏ်စွမ်းရည် များဖြစ်ပေါ်နေမည်။ နည်းပညာနှင့်ပတ်သက်သော အရည်အချင်း များ၊ စီးပွားရေးလုပ်ငန်းတိုးချဲ့နိုင်မှုစွမ်းရည်များလည်း ရရှိလာမည်။ ကျန်းမာရေးအနည်းငယ်ချူချာနေမှုအတွက် ဂရုတစိုက်နေထိုင်သင့် သည်။
Sagittarius (နိုဝင်ဘာ-၂၃ မှ ဒီဇင်ဘာ-၂၁ ရက်နေ့ မွေးသူများ)
တက်ကြွလန်းဆန်းသော နေ့ဘက်အချိန်က ရာသီဖွားအတွက် အောင်မြင်မှုစွမ်းအင်များကို ပေးစွမ်းနိုင်မည်သာဖြစ်သည်။ အထောက်အပံ့များလည်း ရရှိလာမည်။ ကိုယ်ပိုင်အစွမ်းအစ များပြသခွင့်ရမည့် အခွင့်အရေးကောင်းများပေါ်ထွက်လာမည်။
Capricon (ဒီဇင်ဘာ -၂၂ မှ ဇန်နဝါရီ-၂၀ ရက်နေ့ မွေးသူများ)
ရည်ရွယ်ထားသည့် အလုပ်ကိစ္စများ၊ တာဝန်များကို အချိန်ဖြုန်းမနေပဲ အလျှင်အမြန်နှင့်ပြီးစီးအောင် ဆောင်ရွက်သင့်သည်။ စိတ်ပါဝင်စားသည့် အလုပ်အကိုင်များ၊ သင် တန်းဘာသာရပ်များကို တဖန်ပြန်လည် ဦးလှည့်လေ့လာနိုင်မည်။
Aquarius (ဇန်နဝါရီ -၂၁ မှ ဖေဖော်ဝါရီ-၁၈ ရက်နေ့ မွေးသူများ)
ယနေ့အစကို တက်ကြွဖျက်လတ်ခြင်းဖြင့် အစပြုပါ။ မရင်းနှီးသော အလုပ်များ လုပ်ကိုင်နေရသည့် တိုင်အောင် စိတ်ပျက်အားငယ်မနေသင့်ပါ။
Pisces (ဖေဖော်ဝါရီ-၁၉ မှ မတ်-၂၀ ရက်နေ့ မွေးသူများ)
အာရုံစူးစိုက်မှုထားရှိနိုင်ခြင်း၊ သတိဝရီယ ရှိခြင်းတို့ဖြင့် တစ်နေ့တာ လုပ်ငန်းများ အဆင်ပြေအောင်ဆောင် ရွက်နိုင်မည်။ အချိန်နဲ့ အင်အားစွမ်းအင်များကို မဖြုန်းတီးဖြစ်အောင် ဂရုတစိုက်နေထိုင်ရ မည်ဖြစ်သည်။
ဖိုးသူတော်

မှတ်ချက်များ