တရုတ်နိုင်ငံမှ ဗီယက်နမ်သို့ ထောင်နဲ့ချီတဲ့ ကြောင်တွေမှောင်ခိုသွင်း
စားသုံးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တရုတ်နိုင်ငံကနေ မှောင်ခိုသွင်းလာတဲ့ ထောင်နဲ့ချီ အရှင်လတ်လတ်
ကြောင်တွေ Hanoi မြို့မှာ ထိန်းသိမ်းခံထားရကြောင်း ရဲတပ်ဖွဲ့ကဆိုပါတယ်။ သို့ပေမယ်လည်းပဲ သူတို့တွေ ရဲ့ ကံကြမ္မာ ချိန်ခွင်က နှစ်ဖက်ညီမျှမှု ရှိနေပါသေးတယ်။
“Little tiger” လို့ လူသိများတဲ့ ကြောင်သားဟာ ဗီယက်နမ်နိုင်ငံမှာ နာမည်ကြီးလူသိများတဲ့ အစားအစာ
ကောင်းတစ်မျိုးဖြစ်ပြီး တရားဝင် ပိတ်ပင်ထားပေမယ့်လို့ အထူး စားသောက်ဆိုင်တချို့မှာ ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ပါတယ်။
ဗီယက်နမ်နိုင်ငံအနေနဲ့ ကြောင်ပိုင်ရှင်တွေကို အားတက်စေဖို့နဲ့ နိုင်ငံရဲ့ကြွက်ကောင်ရေ ထိန်းချုပ်ရန်
ကြောင်သားစားခြင်းကို ဟိုးအရင်ကတည်းက တားမြစ်ထားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဟနွန်းမြို့တွင် ကြောင်သားနဲ့ ပြင်ဆင်ဧည့်ခံသည့် စားသောက်ဆိုင်တွေ ဒါဇင်နဲ့ချီ ရှိနေတုန်းဖြစ်
ပြီး ကြောင်တွေ လမ်းပေါ် လျှောက်သွားကြတာတွေ့ဖို့ ခဲယဉ်းနေပြီ ဖြစ်ပါတယ်။ ခုဆိုရင် ကြောင်ပိုင်ရှင် အ များစုကလည်း ကြောင်သူခိုးကြောက်လို့ သူတို့ကြောင်းတွေကို အိမ်တွင်းမှာ ထိန်းသိမ်း၊ ချည်နှောင်ထားရ တဲ့ အဖြစ်ရောက်နေပါပြီ။
Trend Myanmar

မှတ်ချက်များ