ကိုယ်ဝန်ဆောင် ဒက်ဒီတွေဖြစ်သွားကြတဲ့ အင်္ဂလန်က ကလေးအဖေသုံးဦး
အခုလာမယ့် မတ်လ ၁၅ ရက်နေ့မှာ ကျရောက်မယ့်အမေများနေ့အတွက် မိခင်တွေကိုဂုဏ် ပြုကြိုဆိုသော အားဖြင့် အင်္ဂလန်က အမျိုးသားသုံးယောက် က မိခင်တွေရဲ့ဘဝနဲ့ ဒုက္ခခံစားရမှုတွေအကြောင်းကို အသေး စိတ် စနစ်ကျ ကျလေ့လာခဲ့ကြပြီး နောက်ဆုံးမှာတော့ ကိုးလလွယ် ဆယ်လဖွား ကိုယ်ဝန် ဆောင်အမျိုးသမီး တစ်ဦး နှယ်ဖန်တီးနေထိုင်ခဲ့ကြပါတယ်။
ကလေးအဖေတွေဖြစ်ကြတဲ့ ဂျွန်နီဘစ်ကင်၊ စတိဗ်ဟန်စန်နဲ့ ဂျက်ဆန်ဘား မလေးတို့သုံးယောက်က သူတို့ ကိုယ်တိုင်ဖန်တီးချုပ်လုပ်ထားတဲ့ ကိုယ်ဝန် ရှစ်လ၊ ကိုးလအရွယ် ကိုယ်ဝန်အနေအထားရှိ ဝတ်စုံအပတ်တွေ ကို ဝတ်ဆင် ပြီး နေ့စဉ်သွားလာလှုပ်ရှားနေခဲ့ကြကာ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ဒုက္ခ တွေကို ကိုယ်ချင်း စာနာတဲ့ခံစားချက်တွေကို ခံစားချင်တဲ့အတွက်ယင်းသို့ လုပ်ဆောင်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
အိမ်အတွင်းနေထိုင်ခြင်း၊ အလုပ်ကိစ္စ ရုံးကိစ္စများလုပ်ကိုင်သွားလာခြင်း၊ အိမ် အပြင်ဈေးထွက်ဝယ်ခြင်း အစရှိသော တစ်ကိုယ်ရည်အမှုကိစ္စများတွင် ထို ဝတ်စုံကိုဝတ်ဆင်လျှက် သွားလာလှုပ်ရှားနေခဲ့ကြတာပဲဖြစ် ပါတယ်။
ကြီးမား လေးလံတဲ့ ကိုယ်ဝန် ကြီးကို လွယ်ထားရချိန်မှာ ခန္ဓာကိုယ်လေး လံခြင်း၊ရင်သားများတင်းရင်းတွဲကျ လာခြင်း၊ ခါးများနာကျင်ခြင်း၊ခြေထောက် များနာကျင်ဖောယောင်လာရခြင်း၊ အစရှိတဲ့ ကိုယ်ဝန်ဆောင် ဒုက္ခများကို သူတို့သုံး ယောက်သား အပြည့်အဝခံစား သိရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
ဖိုးသူတော်

မှတ်ချက်များ