ကောင်မလေးရေ...
တခြားသူပျင်းရိချိန်မှာ ကောက်သောက်တဲ့ဆေးလိပ်တစ်လိပ်အဖြစ် မရှင်သန်ပါနဲ့။ သောက်ပြီးရင် တောက်ထုတ်ခံရတဲ့ဆေးလိပ်တစ်လိပ် မဖြစ်ပါစေနဲ့။ ထိပြီးရင် မစွန့်နိုင်၊ ဒါမှမဟုတ် မထိမတို့ရဲတဲ့ မူးယစ်ဆေးလို ရှင်သန်ပါ။
အောင်မြင်မှုထက် ကြီးပြင်းရင့်ကျက်မှုက မိန်းကလေးတစ်ယောက်အတွက် ပိုအရေးပါပါတယ်။
တခြားသူရဲ့ အလှအပကို နှစ်သက်အားကျတာမျိုးမရှိ၊
တခြားသူ အောင်မြင်တာကို မနာလိုတာမျိုးလည်းမဖြစ်၊
ထင်ပေါ်ကျော်ကြားမှုနောက်လည်းမလိုက်၊
သိမ်ငယ်ပျော့ညံ့တာမျိုးလည်း မဟုတ်တဲ့ ကြီးပြင်းရင့်ကျက်မှုမျိုးပေါ့။
အသိဉာဏ်ပညာတွေ အပြတ်ဖြည့်ဆည်းပြီး ကိုယ့်ကိုယ်ကို စာအုပ်ရနံ့သင်းပျံစေတဲ့ မိန်းကလေးမျိုး၊
စိတ်နေသဘောထားကြီးမြတ်အောင် ကျင့်ဆောင်တဲ့ မိန်းကလေးမျိုး
တခြားသူအပေါ် နွေးထွေးကြင်နာမှုတွေ ပေးဆပ်တဲ့ မိန်းကလေးမျိုးပေါ့ ကောင်မလေး...
Nine Nine Sanay

မှတ်ချက်များ