မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် စမ်းကြီးကျေးရွာတွင် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁ နာရီခွဲက မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မိကျောင်း ရဲနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ် ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် မီးသတ်ယာဉ်သုံးစီး၊ ကျေးရွာနေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။ စစ်ဆေးချက်အရ အဆိုပါကျေးရွာနေ ဒေါ်ပြုံးစိန် (၄၄)နှစ်၏နေအိမ် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပြီး မီးလောင်မှုကြောင့် ဒေါ်ပြုံး စိန်၏ (၄x၃) ပင် နေအိမ်ပါ လူနေအိမ်လေးလုံး၊ မြေပဲ တင်း ၁၉ဝ နှင့် နှမ်း တင်း ၂၁ဝ မီးလောင်ဆုံးရှုံးကြောင်း သိရသည်။
ရဲပြန်ကြား

မှတ်ချက်များ