![]() |
| Photo By - thenation |
" ချစ်သူ ဘယ်လင်တိုင်းနေ့က ငါ့ကို ချောကလက် တစ်ထောင့် မကျွေး နိုင်ပေမယ့် ရန်သူဆီ နင်ပစ်လိုက်တဲ့ ကျဉ်တစ်ထောင့်လောက် မချိုဘူး ချစ်သူ အန္တရာယ်ကင်းပါစေ "
ချစ်သူများနေ့မှာ အခြားသော စုံတွဲတွေ ပျော်နေပေမယ့် အမိတိုင်းပြည်ကို ကာကွယ်ပေးနေတဲ့ ရှေ့တန်း
ရောက် လေကြောင်း ကာကွယ်ရေး ဗိုလ်ကြီး၏ ချစ်သူကတော့ မပျော်ရှာပါဘူး။
ကျွန်မတို့ ချစ်ခဲ့ကြတာ ချစ်သူသက်တမ်း ၁ နှစ်ကျော်ပါပြီ။ ၁၃ ရက်နေ့ ကတည်းက လက်ထောက်တပ်သား ၆၀ ကျော်နဲ့ ထွက်သွားခဲ့တာ ယနေ့ အထိပေါ့။ အွန်လိုင်းပေါ်ကို ကြည့်လိုက်လို့ တပ်သားတွေ ကျရှုံးတာ ကို မြင်တိုင်း ကျွန်မ အရမ်းစိုးရိမ် နေပါတယ်။ အခု အချိန်ထိလည်း သူဆီကနေ ကျွန်မ အဆက်အသွယ် မရသေးပါဘူး။
ဒီခံစားချက်တွေက တကယ်တန်း အဆန်းတကျယ်တော့ မဟုတ်တော့ပါဘူး။
အစကတည်းက ကျွန်မ စစ်သားမိုလို့လည်း သူ့ကို ကြိုက်ခဲ့တာပါ။ စစ်တိုက် ထွက်နေတဲ့ စစ်သားအားလုံး အတွက် ဘုရားရောက်တိုင်းလည်း ဆုတောင်းပါတယ်။ သူပြန်လာခဲ့မယ်လို့ ကျွန်မကို ကတိပေး သွားပါ တယ်။ သို့ပေမယ့်လည်း ယနေ့ထိတော့ ကျွန်မစိတ်ပူ နေတုန်းပါ။
သူပြန်မလာတော့ရင် ဆိုတဲ့ အတွေးတွေ ဝင်လာတဲ့ အချိန်မှာ ကျွန်မ မျက်ရည်တောင် ကျမိပါတယ်။ သူညီဆီ ပြန်လာချိန် ဘာမှ မရှိရင်နေပါ အသက်လေးပဲ လိုချင် မိတာပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)

မှတ်ချက်များ