လုပ်ခလစာတိုးမြှင့်ရန် လမ်းပေါ်ထွက်ဆန္ဒပြမှုများအား အရေးယူမည်ဟု ရန်ကုန်တိုင်းအစိုးရပြော


လှိုင်သာယာနှင့် ရွှေပြည်သာ စက်မှုဇုန်များမှအလုပ်သမားများ လုပ်ခ လစာတိုးမြှင့်ရရှိရေး လမ်းမပေါ် ထွက်၍ ဆန္ဒပြတောင်းဆိုမှုများပြုလုပ် ပါက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ကျူးလွန်သူများကို အရေးယူရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံ ညွှန်ကြားထားကြောင်း သိရသည်။

''ကျွန်တော်တို့က တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်ရမှာပါ။ အလုပ်သမား
တွေ ဘက်ကလဲ သူတို့ရဲ့လိုအပ်ချက်ကို ဥပ ဒေဘောင် အတွင်းထဲကပဲ တောင်းဆို သင့်တယ်''ဟုပြော သည်။

အလားတူ လုပ်ခလစာတိုးမြှင့်ရ ရှိရန် လှိုင်သာယာ၊ ရွှေပြည်သာစက်မှု ဇုန် အလုပ်သမားများသည် ဒညင်း ကုန်း လမ်းဆုံမှ ရန်ကုန်တိုင်းဒေသကြီးအ စိုးရအဖွဲ့ ရုံးအထိ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုရန် စီစဉ်ခဲ့ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ၄င်းတို့ပြဿနာများကို သုံးရက်အတွင်း ဖြေရှင်းပေးမည်ဟု ကတိပြုခဲ့သည်။

အလုပ်သမားအငြင်းပွားမှု ခုံ သမာဓိကောင်စီဝင် ဦးရဲနိုင်ဝင်းက ''အ လုပ်သမားတွေရဲ့ ပြဿနာကို အစိုးရ က တိတိကျကျ ဖြေရှင်းပေးသင့်တယ်။ အခုက အလုပ်သမားတွေက အလုပ် လုပ်ရင်း ငတ်နေကြတယ်။ ကိုယ့် အခွင့် အရေးကို တောင်းဆိုတဲ့သူတွေကို အရေး ယူမယ်ဆိုရင် တာဝန်ခံမှုမရှိတဲ့အစိုးရ ဖြစ်သွားနိုင် တယ်။ တောင်းဆိုတဲ့သူတွေ ကို ထောင်ချလဲ ဒီပြဿနာကို မဖြေ ရှင်းပေးဘူးဆိုရင် နောက်ထပ်ပြဿနာ တွေက ထပ်လာနေဦးမှာပဲ''ဟုပြော သည်။

အလားတူ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ထုတ်ပြန်ချက်တွင်''ဆန္ဒပြအ လုပ်သမားများ မိမိတို့၏လိုအပ်ချက် များကို အကြမ်းဖက်တောင်းဆိုမှုများ၊ လုပ်ငန်းဆောင်ရွက်မှုများကို အဖျက်အ မှောင့်ပြုလုပ် ပိတ်ဆို့မှုများလုပ်ဆောင် ပါက အလုပ်ရှင်အလုပ်သမား မခွဲခြား ဘဲ တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်''ဟု ထုတ်ပြန်ထား သည်။

ကျော်စိုးဦး

မှတ်ချက်များ