![]() |
| ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့စမွေရှိ အခင်း ဖြစ်ပွားရာနေရာကို ထိုင်းရဲများ စစ်ဆေးနေစဉ် (ဓာတ်ပုံ – ဘန်ကောက်ပို့စ်) |
ဖေဖော်ဝါရီ ၂၂ ရက် ညနေတွင် မုဒိမ်းကျင့် သတ်ဖြတ်ခံရ ခြင်းဖြစ်ပြီး အလောင်းကို ကော့စမွီကျွန်း View Point တွင် ဖေဖော်ဝါရီ ၂၃ ရက် နံနက်က တွေ့ရှိခဲ့ကြောင်း ကော့စမွီကျွန်းရှိ ရခိုင်စာပေအသင်းမှ ကိုမိုက် ကယ်က ပြောကြားသည်။
‘‘မနေ့က ညနေ ၅ နာရီ လောက်က သူ့သူငယ်ချင်းတွေနဲ့ အပြင်ကို မုန့်သွားစားကြတယ်။ ပြန်အလာမှာ ညနေ ၆ နာရီ လောက်မှာ ဖုန်းတစ်ခုဝင်လာလို့ ပြန်သွားတာမှာ ပြန်မလာတော့တာပဲ။ သူ့သူငယ်ချင်းတွေ ကလည်း ဒီနေ့နေ့လယ် ၁ နာရီ လောက်မှ သိတာ။ မနက်က ViewPoint နားမှာ အလောင်းကို တွေ့တာ။ ရဲတွေက ၉ နာရီလောက်မှ အလောင်းကို လာကောက်တယ်။ အဲဒီနားကို ကျွန်တော်တို့ သွားလို့ မရဘူး။ အဝေးကနေပဲမြင်ရတာ’’ ဟု ကိုမိုက်ကယ်ကပြောသည်။
သေဆုံးသူအမျိုးသမီးသည် မွန်ပြည်နယ်၊ ဘီလူးကျွန်းဇာတိ ဖြစ်ပြီး လက်ရှိလုပ်ကိုင်နေသော အလုပ်တွင် ရှစ်ရက်သာရှိသေးကြောင်း ကိုမိုက်ကယ်က ဆိုသည်။ ကော့စမွီကျွန်းတွင် မြန်မာ အမျိုးသမီးတစ်ဦး အ သတ်ခံရသည့်အကြောင်းကို ဘန်ကောက်ပို့စ် သတင်းဌာနကလည်း ဖေဖော်ဝါရီ ၂၃ ရက် ညနေ၌ ဖော်ပြ ခဲ့သည်။
‘‘သူ့မှာယောက်ျားရှိတယ်လို့ သိရတယ်။ သူ့သူဌေးကတော့ အမှုဖွင့်မယ်လို့ပြောတယ်။ ကျွန်တော်တို့လည်း အခုမှ အမှုအတွက် လုပ်ကိုင်နေတုန်း။ တရားခံကတော့ မမိသေးပါဘူး’’ဟု ကို မိုက်ကယ်က ဆက်လက်
ပြော ကြားသည်။
ကော့စမွီကျွန်းသည် ထိုင်း နိုင်ငံသို့ လာရောက်သည့် ကမ္ဘာ့လှည့်ခရီးသွားများအား ဆွဲဆောင်သော အပန်းဖြေနိုင်သည့် ကျွန်းတစ်ကျွန်းဖြစ်သည်။
လိပ်ကျွန်း လူသတ်မှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာလုပ်သားနှစ်ဦးကိုလည်း အဆိုပါကျွန်းရှိ ထောင်တွင် ထားပြီး ရုံးချိန်းရုံးထုတ်များကို ထိုကျွန်း၌ ပြုလုပ်နေသည်။
7 Day

မှတ်ချက်များ