အိုင်အက်စ်များချေမှုန်းရန် ပြင်သစ်လေယာဉ်တင်သင်္ဘော ပါရှန်ပင်လယ်ကွေ့သို့ထွက်ခွာ


အီရတ်နိုင်ငံရှိ အစ္စ လာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွအဖွဲ့ ချေမှုန်းရေး အစီအစဉ် တစ်စိတ် တစ်ပိုင်းအဖြစ် ပြင်သစ်အစိုးရသည် ဖေဖော်ဝါရီ ၂၃ ရက်တွင် ပါရှန်ပင်လယ်ကွေ့ ၌ လေယာဉ်တင် သင်္ဘောတစ်စီး ချထားလိုက်သည်ဟု ပြင်သစ် ကာကွယ်ရေးဝန်ကြီးဌာန အရာရှိ တစ်ဦးက ပြောသည်။

‘‘ဒီစစ်ဆင်ရေးမှာ Charles de Gaulle လေယာဉ်တင်သင်္ဘော ပါဝင်မှု ဒီနံနက်မှာပဲ စတင်ပါ တယ်’’ဟု ကာကွယ်ရေးဝန်ကြီး ဌာန အရာရှိတစ်ဦးကပြောသည်။

ယင်းလေယာဉ်တင် သင်္ဘောသည် ဘာရိန်းနိုင်ငံ မြောက်ဘက်ကမ်းရိုးတန်းမှ ကီလိုမီတာ ၂၀၀ ခန့်အကွာ တွင် ခုတ် မောင်းနေပြီး ဖေဖော်ဝါရီ ၂၃ ရက်နံနက်တွင် ယင်းသင်္ဘောပေါ်မှ ပထမဆုံး Rafale တိုက်လေ ယာဉ် တစ်စီး ထွက်ခွာသွားသည်။

အဆိုပါ လေယာဉ်တင် သင်္ဘောသည် ငါးလကြာ စစ်ဆင် ရေး ဆောင်ရွက်ရန် ဇန်နဝါရီ ၁၃ ရက်တွင် Toulon အခြေစိုက်စခန်းမှ ထွက်ခွာသွားခြင်းဖြစ်သည်။

အိုင်အက်စ်အဖွဲ့အပေါ် ကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ လေကြောင်းထိုးစစ်ဆင်မှု တစ် စိတ်တစ်ပိုင်း အဖြစ် Charles de Gaulle သင်္ဘောသည် ကန်လေ ယာဉ်တင်သင်္ဘော USS Carl Vinson နှင့်အတူ ပါရှန် ပင်လယ် ကွေ့၌ သီတင်းပတ်အတန်ကြာ ရှိနေမည်ဖြစ်သည်။

ပြင်သစ်လေယာဉ်တင် သင်္ဘောသည် Rafale တိုက်လေယာဉ် ၁၂ စီးနှင့် Super Etend-ard တိုက်လေ ယာဉ်ကိုးစီး သယ်ဆောင်သွားသည်ဟု သိရသည်။

ပြင်သစ်တိုက်လေယာဉ်များ သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာ လလယ်မှစ၍ အီရတ်နိုင်ငံတွင် လေကြောင်း တိုက်ခိုက်မှုအကြိမ် ပေါင်း ၁၀၀ ခန့်နှင့် လေကြောင်း ထောက်လှမ်းမှုအကြိမ်ရေ ၁၀၀ ခန့် ပြုလုပ်ခဲ့သည်။

အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် ဆီးရီးယား နိုင်ငံနှင့် အီရတ်နိုင်ငံရှိ အိုင်အက်စ်ပစ်မှတ် များအပေါ် လေကြောင်း တိုက်ခိုက်မှု ၂,၀၀၀ ကျော် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

7 Day

မှတ်ချက်များ