မီးဘေးကြိုတင် ကာကွယ်ရေး ဆောင်ရွက်စဉ် မီးသတ်ယာဉ်ကြိတ်၍ အရန်မီးသတ် တပ်ကြပ်ကြီး သေဆုံး


မီးဘေးကြိုတင်ကာကွယ် ရေးဆောင်ရွက်သော မီးသတ် ယာဉ်ဖြင့် ကြိတ်မိသဖြင့် ရွှေ တောင်မြို့နယ်
ပြည်တောင်တန်း ရေနံမြေမှ အရန်မီးသတ်တပ်ကြပ် ကြီးတစ်ဦး ဖေဖော်ဝါရီ ၂၂ ရက်က သေဆုံးသွား ခဲ့ကြောင်း သတင်းရရှိသည်။

အမှတ်(၂)ရေနံမြေ၊ ပြည် တောင်တန်း ရေနံမြေတွင် မီး ဘေးကာကွယ်ရေးအတွက် ရေ နံမြေမှ ဖွဲ့စည်း ထားရှိသည့် အခြေခံ မီးသတ်တာဝန်ခံ ဦးခင် မောင်ဦး ဦးဆောင်သည့် အရန်မီး သတ်တပ်ဖွဲ့ဝင် ၁၃ ဦးသည် ရေ နံမြေအတွင်း မီးတားလမ်းများ ပြုလုပ်ရန် ကြိုတင်မီးရှို့ခြင်း လုပ် ငန်းများ ဆောင်ရွက်ခဲ့သည်။ ကြိုတင်မီးရှို့သည့် မီးညွန့်မှာ အနီးရှိ ဆက်သွယ်ရေးရုံးသို့ ရောက်ရှိ လာသဖြင့် ပြည်တောင်တန်း ရေ နံမြေပိုင် မီးသတ်ယာဉ်ဖြင့် မီး သတ်တာဝန်ခံ ဦးခင်မောင်ဦးက မီးငြှိမ်းသတ်မှုများ ဆောင်ရွက်စဉ် ကားပေါ် ရှိ ပြည်တောင်တန်း ရေနံမြေ အရန်မီးသတ်တပ်ကြပ် ကြီး လှစိုးမှာ ကားပေါ်မှ ပြုတ် ကျပြီး ကားဘီးနှင့် ကြိတ်မိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေ တောင်မြို့နယ်၊ တရုတ်မော်ရဲ စခန်းက ပြည်တောင်တန်း ရေနံ မြေမီးသတ် ယာဉ်မောင်းကို ယာဉ်မဆင်မခြင် မောင်းနှင်မှု ဥပဒေပုဒ်မ ၃၀၄(က)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

7 Day

မှတ်ချက်များ