ခင်ပွန်းလုပ်စာ မှီခိုစားသောက်ရသော အမျိုးသမီးများ ခင်ပွန်း၏ အကြမ်းဖက်မှု ပိုခံရ
လုပ်ငန်းခွင်အတွင်း ရောက်ရှိနေသည့် အမျိုးသမီးများထက် ခင်ပွန်းလုပ်စာ မှီခိုစား သောက်နေရသည့် အမျိုး သမီး များသည် အကြမ်းဖက်ခံရမှု ပို များကြောင်း ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်မှ သတင်း ထုတ်ပြန်သည်။
ယနေ့ခေတ်တွင် အိမ်ထောင်ရှင် အမျိုးသမီးငယ် အများစုသည် စီးပွားရေးဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများကို ၎င်းတို့၏ ခင်ပွန်းနှင့်အတူနေ အမျိုးသားအ
ဖော်များက အများဆုံးကျူးလွန်ကြောင်း ကျား၊ မ ရေးရာတန်း တူညီမျှရေး ကွန်ရက်၏ ၂၀၁၄ နိုဝင်ဘာ ၂၆ ရက်မှဒီဇင်ဘာ ၁၀ ရက်အထိ ၁၆ ရက်တိုင် ရန်ကုန်နှင့် မော်လမြိုင်မြို့များမှ အကြမ်းဖက်ခံရသည့် အမျိုး သမီးများ၏ ဖြေကြားချက်အရ တွေ့ရှိရကြောင်း အဆိုပါ ကွန်ရက်မှ ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူ က ပြော ကြားသည်။
‘‘မိန်းကလေးတွေရဲ့ ရုပ်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခံရမှုတွေကို ပဲ လူတွေမြင်ကြတယ်။ စိတ်ပိုင်း ဆိုင်ရာ
စော်ကားအကြမ်းဖက်ခံ ရမှုတွေကို မသိကြဘူး။ ဒါကြောင့်လည်း အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုနဲ့ပတ် သက်တဲ့ ဥပဒေမူကြမ်း ကျွန်မတို့ စတင်ရေးဆွဲနေပါပြီ’’ ဟု ၎င်းက ပြောကြားသည်။
အမျိုးသမီးများ အနိုင်အ ထက် ပြုကျင့်ခံရမှုများ၌ တိုင်း ကြားရာတွင် ရပ်ကွက်လူကြီးများ၊ ရဲများစသည့် အာဏာပိုင်များက အရေးတယူ ဆောင်ရွက်ပေးနိုင် မှု အလွန်နည်းပါးကြောင်း (သို့မဟုတ်) လုံးဝမရှိ
ကြောင်းနှင့် အာဏာပိုင်များကို တိုင်တန်းသော် လည်း ပြောင်းလဲမှု တစ်စုံတစ်ရာဖြစ်လာမည်မဟုတ်ဟု အမျိုးသမီးများ ယုံကြည်ထားကြသော ကြောင့် တိုင်တန်းရန် ရှောင်ရှားကြကြောင်း တိတ်ဆိတ်ခြင်း၏
နောက် ကွယ် အမျိုးသမီးများ အ ကြမ်းခံရမှု စာတမ်းဖတ်ပွဲတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။
အရိုးကွဲအောင်ရိုက်မှ အ သည်းစွဲအောင် ချစ်သည်ဆိုသော စကားပုံမှာ ယခုလေ့လာဆန်းစစ် ခဲ့သော မြန် မာပြည်တစ်ဝန်းရှိ အကြမ်းဖက်ခံရသည့် အမျိုးသမီးများ၏ ဖြေကြားချက်များအရ ၎င်းတို့ တွေ့ကြုံ ခံစားရ သည့် နောက်ဆက်တွဲ ဆိုးကျိုးများ၌ မှားယွင်းနေကြောင်း တိတ်ဆိတ် ခြင်း၏ နောက်ကွယ် စာတမ်းဖတ် ပွဲအတွက် သုတေသနပြုလုပ်ဖော် ပြသူ ဒေါက်တာစန်းရွှေက ပြော ကြားသည်။
‘‘အိမ်ထောင်တစ်ခုမှာ ဦး ဆောင်ဦးရွက်လုပ်တဲ့ ဖခင်က သား သမီးတွေရှေ့မှာ မိခင်ကို ဆူတာ၊ ဆဲတာ၊ ရိုက်တာတွေ လုပ်ရင် မိခင်သာမကဘဲ သားသမီးတွေရဲ့ ကြီးပြင်းလာတဲ့တစ်လျှောက်မှာ စိတ်ဓာတ်ရေးရာနဲ့ လူမှုရေးရာ ဆက်ဆံရေးတွေမှာပါ လုံခြုံမှု မရှိတော့တာတွေ ဖြစ်နိုင်တယ်’’ ဟု ၎င်းကပြောကြားသည်။
အဆိုပါ သုတေသန စာ တမ်းဖတ်ပွဲအတွက် အမျိုးသမီး များ အကြမ်းဖက်ခံရမှုများနှင့် ပတ်သက်၍ ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်နှင့်အတူ လူမှုဝန်ထမ်းဦးစီးဌာနက ပထမဦးဆုံး မြို့များဖြစ်သည့် ရန် ကုန် နှင့် မော်လမြိုင်မြို့ရှိ အသက်(၁၈)မှ (၅၅) နှစ်အတွင်းရှိသော အမျိုးသမီး ၃၈ ဦး၏ အမျိုးမျိုးသော အကြမ်းဖက်ခံခဲ့ရပုံများကို အဓိကထားရည်ရွယ်ကာ ဦးတည်ဆွေးနွေးခဲ့ပြီး ဒုတိယဦးစားပေးနေရာများ အနေဖြင့် မကွေး၊ လားရှိုး၊ လွိုင်ကော်၊ လပွတ္တာနှင့် ကလေးမြို့များရှိ အမျိုးသမီးများနှင့်လည်း ဆွေးနွေးခဲ့ သည်ဟု ဆိုသည်။
မြန်မာနိုင်ငံရှိ အမျိုးသမီး များ နည်းအမျိုးမျိုးဖြင့် အကြမ်း ဖက်ခံရမှုများအတွက် ကျား၊ မ ရေးရာ တန်းတူ ညီမျှရေး ကွန်ရက်မှ အမျိုးသမီးများ အကြမ်းဖက် ခံရမှု ဥပဒေမူကြမ်းရေးဆွဲလျက် ရှိရာ အချောသပ်ပြီး
မြောက်မည့် မေလတွင် လွှတ်တော်သို့တင် သွင်းမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
7 Day

မှတ်ချက်များ