အောင်မြင်သူတို့၏ တန်ဖိုးရှိသော စကားများ
အောင်မြင်ခြင်းဆိုတာ တကယ်တော့ မဝေးပါဘူး...
ဝေးနေတာက ...ဘယ်အရာက အောင်မြင်မှုလဲ ဆိုတာ သင့်အနေနဲ့ မသိခြင်းပါပဲ....
ဆုံးရှုံးခြင်းဆိုတာ အရမ်းနီးတယ်...
နီးလွန်းလို့....ရှေ့ကို ပြေးဖို့ တလှမ်းနောက်ကျလိုက်တာနဲ့ ...ဆုံးရှုံးခြင်းရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရတော့တယ်....
***
ရှာဖွေတဲ့ အခါမှာ….
“ဝင်ငွေတစ်ခုတည်း အပေါ်မှာ မမှီခိုပါနဲ့
ဒုတိယ ဝင်ငွေလမ်းကြောင်း တစ်ခု ရလာအောင် ရင်းနှီး မြှုပ်နှံပါ”
သုံးစွဲတဲ့ နေရာမှာ…
“သင် မလို အပ်တာတွေ ဝယ်မိရင် သင်လိုအပ်တာတွေ ရောင်းရလိမ့်မယ်”
စုဆောင်းတဲ့ နေရာမှာ…
”သုံးလို့ ပိုတာကို မစုပါနဲ့
စုလို့ ပိုတာကို သာ သုံးပါ “
စွန့်စားတဲ့ အခါမှာ …
“ရေအနက်ကိုခြေနှစ်ဖက်ချပြီး မစမ်းမိပါစေနဲ့”
ရင်းနှီး မြှုပ်နှံတဲ့ အခါမှာ…
“ကြက်ဥတွေ အားလုံးကို တောင်းတစ်တောင်းတည်း စုမထည့်ထားမိပါစေနဲ့”
မျှော်လင့်ချက် ထားတဲ့နေရာမှာ …
“ရိုးသားမှု ဆိုတာ အရမ်း တန်ဖိုးကြီးတဲ့ လက်ဆောင်ပါ
ခပ်ပေါပေါ လူတွေ ဆီက ရဖို့ သွား မမျှော်လင့်မိပါစေနဲ့ “

မှတ်ချက်များ