![]() |
| ဓာတ်ပုံ - chiangmaicitynews.com |
တော့ အွန်လိုင်းအသုံးပြုသူများ ဟိုးလေးတကျော်ကျော်ပါပဲ။
အဲ့ဒီ တရုတ်အမျိုးသမီးဟာ သူမရဲ့ အတွင်းခံအ၀တ်အစားတွေကို အခုလို လူမြင်ကွင်းမှာ ဖြန့်လှန်းထားခြင်း က သူ့အတွက် အတော်ကို အဆင်ပြေနေပုံရပါတယ်။ အဲ့ဒီအချိန်မှာပဲ လေဆိပ်အာဏာပိုင်က လာရောက် ပြီး သူမကို ဒီလိုအပြုအမူမျိုးကို ရှောင်ကြဉ်ဖို့ သတိပေးတာတွေ ပြုလုပ်ခဲ့တာပါ။
ဒါပေမယ့် လေကြောင်း လုံခြုံရေးကို မထိခိုက်တဲ့ အတွက် နောက်ထပ် အရေးယူမှုတွေတော့ မလုပ်ဆောင် ခဲ့ပါဘူးတဲ့။
ဒီလို အပြုအမှုတွေက ထိုင်းနိုင်ငံနဲ့ မသင့်တော်ဘူးလို့ တညီတညွတ်ထဲ မကျေမနပ် ကန့်ကွက်နေတဲ့ ထိုင်း
နိုင်ငံသား အများစုက အင်တာနက် စာမျက်နှာတွေပေါ်မှာ ဒီလိုပုံတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေကြပါ တယ်။
မကြာသေးခင်ကာလလောက်တုန်းကလည်း တရုတ်အစိုးရအနေနဲ့ သူ့ရဲ့ တရုတ်လူမျိုးတွေ ခရီးသွား တဲ့အ ခါ လိုက်နာကျင့်သုံးဖို့ တားမြစ်ချက်တွေမြောက်များစွာ ပါဝင်တဲ့ စာမျက်နှာ ၆၀ ကျော်ပါ လမ်းညွှန်စာအုပ်ကို ထုတ်ပြန်ခဲ့ပါသေးတယ်။
လူမြင်ကွင်းမှာ နှာခေါင်းကလော်တာမျိုးမလုပ်ဖို့ သွားကြားထိုးမယ်ဆိုရင် လက်ချောင်းနဲ့မထိုးနဲ့ ဆိုတာလည်း ပါဝင်သလို အများသုံးအိမ်သာတက်ရင် အချိန် အကြာကြီး မတက်နဲ့၊ ဘိုထိုင် အိမ်သာခုံမှာ ခြေရာ ဖိနပ်ရာမ ကျန်စေနဲ့ စတဲ့စတဲ့ အချက်တွေ ပါဝင်ခဲ့ပေမယ့် အခုလို လူမြင်ကွင်းမှာ အတွင်းခံအ၀တ်အစားတွေကို အခြောက်မလှန်းဖို့ ဆိုတဲ့ တားမြစ်ချက် ပါမပါတော့ မသိပါဘူး။
တရုတ်အစိုးရရဲ့ တားမြစ်ချက်များဟာလည်း ခရီးသွားတွေအနေနဲ့ လူမြင်ကွင်းမှာ အနေအထိုင်ဆင်ခြင်ဖို့ နားလည်မှု ယဉ်ကျေးမှုရှိစွာ ခရီးသွားလာနေထိုင်ဖို့ တားမြစ်ထားတာဆိုပေမယ့် ဒီလို လူမြင်ကွင်းမှာ တွင်း ခံအ၀တ်အစားတွေ အခြောက်လှန်းတဲ့ ကိစ္စတခုဟာ ဒီ တားမြစ်ချက်ကို လိုက်နာမှုမရှိဘူးလို့ပြောရမလို မသင့်လျော်ဘူးလို့ဆိုရမှာပါပဲ။
ဧရာဝတီ

မှတ်ချက်များ