ရုရှားစိန့် ပီတာစဘတ်က လေဆိပ်ဝန်ထမ်း တကိုယ်လုံးချွတ်ပြီး စစ်ဆေးခံခဲ့


ဒီဖြစ်ရပ်က ရုရှားစိန့် ပီတာစဘတ်က လေဆိပ်မှာဖြစ်ပျက်ခဲ့တာပါ။

ဒီဗီဒီယိုထဲက တကိုယ်လုံးပြောင်တလင်းခါအောင် အစစ်ဆေးခံနေတဲ့ပုဂ္ဂိုလ်ကတော့ အဲဒီလေဆိပ်မှာအလုပ်လုပ်တဲ့အလုပ်သမားဖြစ်ပါတယ်။ အလုပ်ချိန်ပြီးလို့  ပြန်သွားပြီးမှအလုပ်မှာ သော့မေ့ကျန်ခဲ့တာနဲ့ ပြန်ယူဖို့  အ၀င်မှာ သူ့ ကိုစစ်ဆေးရေးတွေက ပုံမှန်စစ်ဆေးနေကျအတိုင်း ခါးပတ်ချွတ်ဖို့ ပြောရာက အရွဲ့ တိုက်ပြီး တကိုယ်လုံးချွတ်ပြီး စစ်ဆေးခံခဲ့တာဖြစ်ပါတယ်။

သူက ကျနော်လုံခြုံရေးစည်းမျဉ်းတွေကိုသိပါတယ်ဗျာ။ဒါပေမယ့် ဒီနေရာမှာတော့ ဒီလောက်ကြီးစည်း ကမ်းတိကျတင်းကျပ်နေဖို့ မလိုပါဘူး။ကျနော်သော့ယူယုံလေးပါ။ခါးပတ်မချွတ်နိုင်ဘူးလို့ ပြောတော့သူတို့ ကရဲခေါ်တော့တာပဲ။
ဒါနဲ့ ဒေါသထွက်သွားတဲ့ကိုယ်တော်ချောက ခုဗီဒီယိုမှာတွေတဲ့အတိုင်းရွတ်ပြီးတော့ တကိုယ်လုံးချွတ်ချပြီးအရှာဖွေရေးဂိတ်ကိုဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

MP4 YoU

မှတ်ချက်များ