ကလေးငယ်များကို စစ်သင်တန်းပေးနေသည့် ဝါဒဖြန့် ဗီဒီယိုကို အိုင်အက်စ်တပ်ဖွဲ့ လွှင့်တင်





အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ တပ်ဖွဲ့များသည် ကလေးငယ် အများအပြားကို အစွန်း
ရောက် စစ်သွေးကြွများအဖြစ် ပုံသွင်း လေ့ကျင့်ပေးနေသည့် ဝါဒဖြန့်ဗီဒီယို တစ်ခုကို အွန်လိုင်း၌ လွှင့်တင် ခဲ့ကြောင်း သတင်းရရှိသည်။

ဆီးရီးယားနှင့် အီရတ်တို့တွင် နယ်မြေ အမြောက်အမြား သိမ်းပိုက်ထားသည့် ဆွန်နီ အစ္စလာမ်မစ် အစွန်း
ရောက်များက ၎င်းတို့၏ အခိုင်အမာ အခြေစိုက်ထားရာ မြို့တစ်မြို့ရှိ လူငယ် လေ့ကျင့်ရေး စစ်သင်တန်း တစ်ခုကို ဗီဒီယို ရိုက်ကူးပြီး ဝါဒဖြန့်ခဲ့ခြင်း ဖြစ်သည်။ ဗီဒီယိုထဲတွင် ကလေးငယ် ရှစ်ဆယ်ကျော်၊ ကိုးဆယ် ဝန်းကျင်ခန့်သည် ပြောက်ကျား ယူနီဖောင်းများ ဝတ်ဆင်ထားပြီး အိုင်အက်စ် သင်တန်းမှူး တစ်ဦးက စစ်သင် တန်း ပေးနေသည်ကို တွေ့ရသည်။ အချို့သော ကလေးများသည် အသက်ငါးနှစ် ဝန်းကျင်မျှသာ ရှိနိုင်သေး
ကြောင်း သတင်းများက ဆိုသည်။

အိုင်အက်စ် တပ်ဖွဲ့က ယင်းကလေးငယ်များသည် အနာဂတ်၏ ဂျီဟတ်စစ်သည်များဟု ညွှန်းဆိုထားသည်။ ဗီဒီယိုထဲတွင် ကလေးငယ်များသည် ကိုရမ်ကျမ်းစာထဲအား အာဂုံဆောင် ရွတ်ပြနေသည်ကိုလည်း တွေ့ရ သည်။ အဆိုပါ ဗီဒီယိုကို ဆီးရီးယားရှိ အိုင်အက်စ်တပ်များ သိမ်းပိုက်ထားရာ ရက္ကာမြို့အတွင်းမှ အယ်လ်ဖာ ရွတ် လူငယ်သင်တန်းကျောင်းတွင် ရိုက်ကူးခဲ့ခြင်းဟု ယုံကြည်ရသည်။

အိုင်အက်စ် သင်တန်းမှူး၏ စကားကို ကိုးကားပြီး အဆိုပါ ကလေးငယ်များသည် လေးလကြာ အခြေခံ စစ် သင်တန်း အောင်မြင်သဖြင့် ဒုတိယအဆင့် ဂျီဟတ်တိုက်ခိုက်ရေး လုပ်ငန်းများကို လေ့ကျင့်နေခြင်း ဖြစ်
ကြောင်းလည်း NBC သတင်းဌာနက ဖော်ပြသွားသည်။

7day

မှတ်ချက်များ