လောက်ကိုင်မြို့ ဆီအောအကျဉ်းထောင်အား ဝင်ရောက်စီးနင်းမယ်လို့ သတင်းရတဲ့အတွက်ဒုရဲအုပ်စိုးအေး ထွန်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်လုံခြုံရေးယူခဲ့ပါတယ်။
တရုတ်စက်လက်အတွဲလိုက်ပစ်ပြီး ဝင်လာတဲ့ ကိုးကန့်တပ်ဖွဲ့တွေနဲ့ ထောင်အဝင် သံတံခါးနားမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ် ။
ကိုးကန့်လက်ဖြောင့်တပ်သားလက်ချက်နဲ့ ထောင်မျော်စင်ပေါ်က ရဲတပ်သားတစ်ဦးဥိးစွာ ကျဆုံးခဲ့ပါတယ် ။ကိုးကန့်တပ်များ ဆုတ်ခွာသွားပြီးနောက်မှာ ဒုရဲအုပ်စိုးအေးထွန်းကတော့နားထင်နဲ့အခြားနေရာများမှာ ဒဏ်ရာများရရှိလို့ သူခံစစ်ဆင်ထားတဲ့နေရာမှာပဲကျဆုံးနေတာတွေ့ရပါ ။
ကျဆုံးချိန်မှာ သေနတ်မောင်းကွင်းကို ညစ်ထားဆဲဖြစ်လို့ သေနတ်မောင်းကွင်းထဲကလက်ကို မနည်းဖြုတ် ခဲ့ရပါတယ် ။ မြန်မာ့သွေးပီသစွာနဲ့ ကျဆုံးသွားတဲ့ ဒုရဲအုပ် စိုးအေးထွန်းမှာ ဇနီးနဲ့ကလေးတစ်ဦးကျန်ရှိ ခဲ့ပါတယ် ။

မှတ်ချက်များ