အပူရန်ကိုကာကွယ်ခြင်း


အပူလှိုင်းရိုက်ခတ်မှုတွေဟာ ကမ္ဘာကြီးမှာ တဖြည်းဖြည်းနဲ့  အကြိမ်ရေ များလာတယ်။ လူသားတွေဟာ အပူလှိုင်းရိုက်ခတ်မှုရဲ့ဒဏ်ကို ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ သတိမပြုဘဲ နေတတ်ကြတယ်။ ရာသီဥတုဆိုးသွမ်းမှုအဖြစ် မှတ်တမ်းတင်ရမယ့် အရှေ့မြောက်ပိုင်းအာရှအပူလှိုင်းကြောင့် လွန်ခဲ့တဲ့နှစ်က လူ ၇၅၀ ကျော် သေဆုံးခဲ့ရတယ်။ Australia ရဲ့ Climate and Health Alliance က ဒေါက်တာ လစ်ဟာနာ ရဲ့ ပြောပြချက်အရ ရာသီဥတုနဲ့ပတ်သက်တဲ့ သေဆုံးမှုမှာ အပူဟာ အဓိက တရားခံဖြစ်တယ်လို့ ဆိုတယ်။

အလွန်ပူပြင်းတဲ့နေ့မှာ နေပူထဲမှာ အလုပ်လုပ်နေတဲ့သူ၊ ကစားနေတဲ့သူတွေဟာ ဘေးဥပါဒ်ဖြစ်ဖို့ အလွန် နီးစပ်တယ်။ ပူပြင်းတဲ့နေ့တွေမှာ အသက်အရွယ်ကြီးတဲ့ အဘိုးအဖွားနဲ့ ကလေးသူငယ်တွေဟာ ဘေး ဥပါဒ်မဖြစ်စေရန် ခန္ဓာကိုယ်ထဲက ရေဓါတ်တွေ ကုန်ခန်းမသွားအောင် သတိထား ဆင်ခြင်ရပါမယ်။

အောက်ဖော်ပြပါ ၅ ချက်ကို လိုက်နာခြင်းဖြင့် အပူရဲ့ရန်ကို ဖယ်ရှားနိုင်ပါတယ်။

– ကော်ဖီနဲ့ အရက်ကို ရှောင်ပါ၊
– ရေများများသောက်ပါ၊
– ကိုယ်လက်လေ့ကျင့်ခန်း အပြင်းအထန်လုပ်ခြင်းကို ရှောင်ပါ၊
– ပရိုတိန်းများတဲ့ နွားနို့၊ အသားများကို ရှောင်ပြီး အရွက်နဲ့ အသီး များများစားပေးပါ၊
– အသက်ကြီးသူများနဲ့ ကလေးသူငယ်များကို လေအေးပေးစက်ရှိတဲ့အခန်းများတွင် နေထိုင်စေခြင်း၊ ရေပုံမှန်တိုက်ခြင်းတို့ကို စောင့်ကြည့်ပြီး လုပ်ပေးပါ။

ဘန်သံပြာ
Reader’s Digest – Jan 2014 ရဲ့ Health Smart Section မှ articleကိုဆီလျော်သလိုမြန်မာပြန်ထားပါ သည်။

မှတ်ချက်များ