တယ်လီနော မော်ဒယ် သရုပ်ဆောင်ခ ငွေကျပ် ၃၀၀၀ သာရရှိ
တယ်လီနော၏ ကြော်ငြာ ပိုစတာ တစ်ခုဖြစ်သော အသက် ၈၀ ကျော်အရွယ် အဘွားနှင့် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တဦးတို့ ဖုန်းပြောနေသည့် ပုံတွင် မထင်မှက်ပဲ သရုပ်ဆောင် လုပ်လိုက်ရပြီး သရုပ်ဆောင် ခ ကျပ် ၃၀၀၀ သာရရှိကြောင်း မင်းကွန်းတွင် နေထိုင်သော ကာယကံရှင် မလှိုင်ယမင်း ၁၂ နှစ်က ပြော သည်။
မလှိုင်ယမင်း ကျပ် ၃၀၀၀ ရရှိသော်လည်း အသက် ၈၀ ကျော် အဘွားကို ဘာတစ်ခုမှ ပေးသွားခြင်းမရှိ
ကြောင်း ၎င်းကဆက်ပြောသည်။“သမီးက ကြော်ငြာရိုက်မှန်းမသိဘူး။ ပါးစပ်ဖြဲရီနေတုန်းရိုက်သွားတာ၊ အခုလို ကြော်ငြာဆိုင်းဘုတ်တွေမှာ သုံးမယ်လို့လည်း မထင်ဘူး။ ကြော်ငြာဆိုင်းဘုတ်တွေလာကပ်မှ သမီး ပုံကြီးနဲ့ အဘွားပုံကြီးမှန်းသိရတာ” ဟုလည်း မလှိုင်ယမင်းက ရှင်းပြသည်။
တယ်လီနောကြေငြာတွင် နာမည်ကြီးနေသော်လည်း မင်းကွန်းမှ ကာယကံရှင်မော်ဒယ်နှစ်ဦးမှာ လက်ရှိအ ချိန် အထိ မိုဘိုင်းဖုန်း မကိုင်နိုင်သေးပေ။အသက် ၁၂ နှစ်အရွယ် မလှိုင်ယမင်းသည် ၇ တန်းကျောင်းသူ ဖြစ် ပြီး ကျောင်းစရိတ်အတွက် ဘုရားတွင် အမွှေးတိုင်ရောင်းပြီး အသက် ၈၀ ကျော်အဘွားသည် မင်းကွန်း
ခြင်္သေ့ နှစ်ကောင်ဆိပ်ကမ်းတွင် ဈေးရောင်း ကြောင်းခြင်းဖြစ်သည်။
“ကြော်ငြာအကြီးစားကြီးရိုက်သွားတာပဲ ၂၀၀၀၀ တန် တယ်လီနော ဟန်းဆက်လေးနဲ့ ဆင်းကတ်လေး အ နည်းဆုံးတော့ မေတ္တာလက်ဆောင်ပေးသွားသင့်တယ်။ ကလေးမလေးက ၇တန်းကျောင်းသူလေးဘုရားမှာ
အမွှေးတိုင်ရောင်း ရင် ကျောင်းစရိတ်ရှာနေတာ။ အခုလိုလုပ်လိုက်ပြီဆို တယ်လီနောအနေနဲ့ ကလေးမ
လေးရဲ့ကျောင်းစရိတ်ကို တော့ အလိုက်တသိထောက်ပံ့သင့်တယ်။ သရုပ်ဆောင်ခ ၃၀၀၀ ပဲပေးသွားတယ် ဆိုတာ နာမည်ကြီးကုပ္မဏီကြီး တစ်ခုက မထင်မှက်တဲ့ လုပ်ရပ်ကိုလုပ်လိုက်လို့ အံသြမိတယ်” ဟုလည်း မလှိုင်ယမင်းနှင့်ရင်းနှီးသူ မနေထက်ထက်အောင်ကပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တယ်လီနောမြန်မာအား ဆက်သွယ်စုံစမ်းရာ သက်ဆိုင်ရာဋ္ဌာန၏ ဖုန်းနံပါတ် ကို ပေးခွင့်မရှိကြောင်း telenor call စင်တာမှ ပြန်လည်ပြောကြားသည်။
ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၁ နာရီခန့်က တယ်လီနော မှ မလှိုင်ယမင်းအား ငွေကျပ် ၁၅၀၀၀၀ ပေးခဲ့ပြီး လက်မှက်ထိုးစေခဲ့ကြောင်း ကာယကံရှင်မှ ဖုန်းဆက်ပြောသည်။
ဘုန်းလျှံမင်း | The Union Daily

မှတ်ချက်များ