ထိုင်းနိုင်ငံ ပီတီတီအီးပီ ကုမ္ပဏီအနေဖြင့် ပင်လယ်ညစ် ညမ်းစေသောစွန့်ပစ်ပစ္စည်းစွန့် ပစ်ခြင်းနှင့် မြန်မာ ဝန်ထမ်းများ အပေါ် ခွဲခြားဆက်ဆံမှုများကို ၇၂ နာရီအတွင်းရပ်တန့်ပေးရန် ဇောတိကကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်သားများကဖေဖော်ဝါရီ ၂ ရက်တွင် ကြေညာ ချက်ထုတ်ပြန်လိုက်ကြောင်း သတင်း ရရှိသည်။
ပီတီတီအီးပီကုမ္ပဏီသည် ဇောတိက ကမ်းလွန်ရေနံလုပ် ကွက်၌ သဘာဝဓာတ်ငွေ့တူးဖော် ရာမှထွက်ရှိ လာသော အညစ်အကြေးများကို ပင်လယ်ပြင်သို့ တိုက်ရိုက်စွန့်ပစ်နေခြင်းအပြင် မြန်မာဝန်ထမ်းများကိုဖိနှပ် မှုများ ဆက်တိုက်ပြုလုပ်လာခြင်းကြောင့် ယခုကဲ့သို့ထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာလုပ်သားများက ဆို သည်။
‘‘ကုမ္ပဏီအနေနဲ့ မြန်မာ့ သဘာဝသယံဇာတတွေကို လာ ပြီးထုတ်ယူနေတာမြန်မာ့ပတ်ဝန်း ကျင်ကိုတန်ဖိုး ထားစေချင်တယ်။ မြန်မာဝန်ထမ်းတွေကိုလည်း လေး စားစေချင်တယ်။ သူတို့မြန်မာဆို အရမ်းနှိမ်ချင်ကြ တယ်’’ ဟု ဇောတိကကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်သားတစ်ဦးကပြောသည်။
ထိုကြေညာချက်နှင့်ပတ် သက်၍ ကုမ္ပဏီတာဝန်ရှိသူများ အနေဖြင့် လတ်တလောပြော ကြားရန်စောသေး
ကြောင်းနှင့် အ ကြောင်းအရာများကို လေ့လာ သုံးသပ်နေကြောင်း ပီတီတီအီးပီ ကုမ္ပဏီပြန်ကြားရေးအရာ ရှိ မစ္စ Montarat ကပြောသည်။
မြန်မာ လုပ်သားများက ကုမ္ပဏီသို့နိုင်ငံအတွင်းကမ်းလွန် ရေနံတူးဖော်ခြင်းဆိုင်ရာဥပဒေ များမပြဋ္ဌာန်းနိုင် မီကာလ၌ ဓာတ်ငွေ့တူးဖော်ထုတ်ယူနေခြင်ကိုနိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင် ရွက်ရန်နှင့် မြန်မာဝန်ထမ်းများအပေါ် ခွဲခြားဆက်ဆံမှုများကို အမြန်ဆုံးရပ်တန့်ပေးရန်အပါအဝင် အချက်ခု နစ်ချက် တောင်းဆိုထားသည်။
ယင်း ကြေညာချက်တွင် ကုမ္ပဏီသည် စနစ်တကျတွင်းတူး မြှုပ်နှံရမည့်လေဆီများကိုလည်း တိုက်ရိုက်မီးရှို့ မှုများနေ့စဉ်ပြု လုပ်ခဲ့သည်ဟုပါရှိသည်။ ထိုသို့ ပြုလုပ်ခြင်းကြောင့် မြန်မာ့ပင် လယ်ပြင်တွင် ညစ်ညမ်းမှုများ
ဖြစ် ပေါ်နေသည်။ ထိုကဲ့သို့မပြုလုပ် ရန် မြန်မာလုပ်သားများက ကန့် ကွက်ခဲ့သော်လည်း ကုမ္ပဏီအနေဖြင့် ရပ်တန့်ခြင်းမရှိဘဲ မြန်မာနိုင်ငံ တွင် ယင်းစွန့်ပစ်ပစ္စည်းများစွန့် ပစ်ခြင်းဆိုင်ရာ လိုက်နာရမည့် ဥပဒေများမရှိ
ခြင်းကြောင်း ကုမ္ပ ဏီကပြောသည်။ ဝေဖန်ထောက်ပြသည့် မြန်မာလုပ်သားများကို လစာတိုးနှုန်းများ လျှော့ ချခြင်း၊ ခံစားခွင့်ဖြတ်တောက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
မြန်မာလုပ်သား၏လုပ်ခ လစာခံစားခွင့်နှင့်ပတ်သက်၍ကုမ္ပဏီဘက်မှပြောကြားခဲ့သည့် လစာနှုန်းထားများ
ပေးအပ်ခြင်း မရှိဘဲ အခြားနိုင်ငံများနှင့် လစာ နှုန်းထားအဆနှစ်ဆယ်ခန့်ကွာ ခြားနေကြောင်း၊ ယင်းကိစ္စကို ကုမ္ပဏီတာဝန်ရှိသူများထံတင်ပြ တောင်းဆိုခဲ့သော်လည်း တစ်စုံ တစ်ရာတုံ့ပြန်ခြင်းမရှိကြောင်း မြန်မာလုပ် သားတစ်ဦးက ပြော သည်။
ပီတီတီအီးပီကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ဇောတိကကမ်း လွန်ရေနံလုပ်ကွက် ကုမ္ပဏီတစ် ခုဖြစ်ပြီး မုတ္တမ ပင်လယ်ကွေ့ရှိ ဇောတိက ကမ်းလွန်ရေနံလုပ် ကွက်တွင် ဓာတ်ငွေ့စတင်တူး ဖော်ခြင်းကို ၂၀၁၃ ခုနှစ်ကစ တင်လုပ်ဆောင်ခဲ့သည်။
ထွန်းထွန်းမင်း | 7day
ပင်မ
/
PTTEP ကုမ္ပဏီ၏ ပင်လယ်ပြင်ညစ်ညမ်းစေသော အပြုအမူနှင့် မြန်မာလုပ်သားများကို ခွဲခြားဆက်ဆံမှု ၇၂ နာရီအတွင်း ရပ်တန့်ရန် ဝန်ထမ်းများကြေညာချက်ထုတ်ပြန်

မှတ်ချက်များ