ချစ်သူစုံတွဲများဖတ်ထားဖို့ 


ယခုဆောင်းပါးကို ရေးဖို့ စဉ်းစားတိုင်း မြန်မာ့ယဉ်ကျေးမှုနှင့်ကိုက်ညီမှု ရှိပါ့မလားဟု အကြိမ်ကြိမ်တွေးမိပါ သည်။သို့ သော်လည်း မိမိဆေးခန်းသို့  ရောက်လာသော အိမ်ထောင်ပြုရန်အဆင်သင့်မဖြစ်သေးသော လူငယ်စုံတွဲများကို တွေ့ ရဖန်များလာသဖြင့် ရေးသားပေးရခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဆရာဝန်များအနေဖြင့် ကိုယ်ဝန်ဖျက်ခြခြင်းကို မည်သည့်အကြောင်းပြချက်ဖြင့်မှ ပြုလုပ်ပေးခြင်းမရှိသောကြောင့်ဖြစ်သည်။ထို့ ကြောင့် အိမ်ထောင်ပြုရန်အဆင့်သင့်မဖြစ်သေးလျင် နယ် ကျွံခြင်းမပြုရန်မှာ အဓိကအချက်ပင်ဖြစ်သည်။

သို့ သော်လည်း ခောတ်ကာလသည် တရှိန်ထိုးတိုးတက်လာသောအခါ လူငယ်စုံတွဲများအနေဖြင့်အတတ် ဆန်းထွင်ရန် အခွင့်အလမ်း ပိုများလာပါသည်။ထို့ ကြောင့်ပင် မလိုလားအပ်သောအရွယ်မတိုင်ခင် အိမ်ထောင်ပြုရခြင်းများကို တွေ့ ကြုံလာရပါသည်။ထို့ သို့ မဖြစ်စေရန် ၇ည်၇ွယ်ပြီးယခုဆောင်းပါးကို ရေးသားပေးရခြင်းဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်ခြင်းဆိုတာဘာလဲ ....

အဖိုသုက်ပိုးနှင့်အမမျိုးစေ့တို့ တွေ့ ဆုံ သန္ဓေအောင်ခြင်းပင်ဖြစ်သည်.။

အဖိုသုက်ပိုးဆိုတာဘာလဲ...

အမျိုးသားများမှ လိင်ဆက်ဆံစဉ် ထွက်လာသော အရည်များတွင်ပါသော သားသမီးရစေသောအကောင်ငယ်လေးများပင်ဖြစ်သည်။သက်တမ်းအားဖြင့် ၇၂နာရီမျှ နေနိုင်သည်။

အမမျိုးစေ့ဆိုတာဘာလဲ...

အမျိုးသမီးများ ရာသီလာပြီး၁၄+-(၁)၇က်တွင် သားအိမ်အတွင်း သက်ဆင်းလာသော သားသမီးရစေသော မျိုးစေ့ပင်ဖြစ်သည်။သက်တမ်းအားဖြင့် ၁၂နာရီမျှ ကြာသည်။

ကိုယ်ဝန်မရှိအောင်ဘယ်လိုကာကွယ်မလဲ...

၁။ လိင်ဆက်ဆံခြင်းကိုရှောင်ကျဉ်ပါ…
၂၊ အကာကွယ်ပစ္စည်းသုံးပါ(Condom)
၃။ကိုယ်ဝန်ရှိနိုင်သောရက်များကို ရှောင်ပါ။ ကိုယ်ဝန်ရှိနိုင်သောရက်များကိုတွက်နည်းကတော့

ကိုယ်ဝန်ရှိနိုင်သောရက်များ
ဝ………………….၁၀xxxxxxxxxxxxxxxxxxxxxxxx…၁၆……………………………………၂၈(သို့ )၃၀
ဝ————————————၁၄(+.-)၁ ရက်————————————-၂၈(သို့ )၃၀

၇ာသီစ မျိုးစေ့ကြွေရက် ရာသီစ...

ရာသီစတင်လာပြီး ၁၄ရက်ဝန်းကျင်ခန့် တွင် မမျိုးစေ့ကြွေသဖြင့် ထိုရက်များတွင် ကိုယ်ဝန်ရှိနိုင်သည်။ အဖိုသုက်ပိုး၏သက်တမ်းမှာ သုံးရက်မှ လေးရက်အထိရှိသဖြင့် မျိုးစေ့ကြွေရက်၏ရှေ့ ၎ ၇က်ခန့် ကြိုတင်ရှောင်ရမည်။ ထို့ ကြောင့်ရာသီစတင်လာသည့် ရက်မှ ၁၀ ရက်အတွင်းနှင့် ရာသီမလာခင်၁၀ ရက် အတွင်း ကိုယ်ဝန်ရှိရန် အခွင့်အလမ်းနည်းပါးပါသည်။ သို့ သော် ခြွင်းချက်များရှိသည်ကို သတိရပါ။ ရာသီလာရက်မမှန်သော သူများတွင် ထိုရက်တွက်နည်းမှာ မှားယွင်းနိုင်ပါသည်။

၎။အရေးပေါ်တားဆေးသုံးပါ

အကယ်၍ စိတ်မချလျှင် အရေးပေါ်တားဆေးကို ဆက်ဆံမှုပြုလုပ်အပြီး ၇၂နာရီအတွင်း အသုံးပြုပါ။ Levonorgestrel ကိုနီးစပ်ရာဆေးဆိုင်များမှာ ၀ယ်ယူနိုင်ပါတယ်။

ဆိုးကျိုးအနေနှင့်ကတော့ ပျို့ အန်ခြင်းဖြစ်နိုင်တာပါပဲ။ နောက်တစ်ခုက ရာသီလာရက်ပြောင်းလဲသွားနိုင် ပါတယ်။ဒါကြောင့်နောက်တစ်ကြိမ် ရာသီမလာခင် ဆက်ဆံမယ်ဆိုရင် အကာကွယ်ပစ္စည်းသုံးပါ။
* ကိုယ်ဝန်တားဆေးဝယ်ရတာက ကိုယ်ဝန်ဆောင်ရတာလောက်ရှက်စရာမဟုတ်ပါ။

၅။စိတ်ပူပင်မှုကိုတတ်နိုင်သမျှထိမ်းသိမ်းပါ

အကယ်၍ ဆက်ဆံမိခဲ့ပြီးပါက ကာကွယ်မှုကိုတတ်နိုင်သမျှလုပ်ပါ။ပြီးလျှင် နောက်ရာသီလာချိန်ကိုစိတ်ရှည် ရှည်စောင့်ပါ။များသောအားဖြင့် ကြောက်ခြင်းနှင့်အခြားသောအချက်များကြောင့် ရာသီလာရက် နောက်ကျ သွားတတ်ပါတယ်။နှစ်ပတ်ထက်နောက်ကျရင်တော့ ဆီးစစ်ကိရိယာဖြင့်စစ်ဆေးပါ။

၆။ကြိုတင်ပြင်ဆင်ပါ

အကယ်၍ ကိုယ်ဝန်ရှိသွားပါက ဖျက်ခြရန်လုံးဝမကြိုးစားပါနှင့်။ကိုယ်ဝန်ရှိကြောင်းသိသည်နှင့်မိမိတို့ ဘ၀ရပ် တည်ရေးအတွက် မည်သို့ ဆောင်ရွက်မည်ကို နှစ်ဦးညှိနိုင်းပါ။အချိန်ကာလ နှစ်လခန့် ကြိုတင်ပြင်ဆင်ပြီးမှ အိမ်ထောင်ပြုပါ။

ချစ်သူစုံတွဲများ ဘေးရန်ကင်းပြီး အနာဂတ်လှပပါစေလို့ ဆုတောင်းပေးရင်း နိဂုံးချုပ်ပါရစေ။

လွင်ပြင်သတင်း

မှတ်ချက်များ