၁ဝ တန်း ဖြေမယ့် ညီ၊ ညီမငယ် များသို့ အနုပညာရှင်များရဲ့ မုဒိတာစကား

ထွန်းကိုကို

အခု ၁ဝတန်းစာမေးပွဲလည်း တအား နီးလာပြီ ကျောင်းသားတွေ ဆန္ဒထုတ်ဖော် မှုတွေလည်း ဖြစ်ပေါ်လာ တယ်။ ဒီကိစ္စ ကြောင့် စာမေးပွဲ ရပ်မှာတို့၊ ရက်ရွှေ့မှာတို့ ကို ၁ဝ တန်းဖြေမယ့် ညီငယ်၊ ညီမငယ်တွေ စိတ်မပူကြပါနဲ့။ အဲဒီအခြေအနေ အထိ မဖြစ်လာနိုင်လောက်ပါဘူး။ အခု ညှိနှိုင်း မှုတွေ လုပ်နေကြပါတယ်။ အဓိက ညီငယ် ညီမငယ် တို့လုပ်ရမှာက စာတွေကို ပြန်နွှေး ပြီး အဆင်သင့် ပြင်ဆင်ထားဖို့ပါပဲ။ ကိုယ့် ဘက်က ထူးထူး ချွန်ချွန်နဲ့ ဖြေနိုင်ဖို့ အဆင် သင့် ပြင်ဆင်ဖို့ လိုတယ်။

၁ဝတန်း စာမေးပွဲ က အစ်ကို တို့နိုင်ငံမှာဆို ကျောင်းသား တစ်ယောက် အတွက် ဘဝတစ်ခုကို ဆုံး ဖြတ်ပေးတဲ့ စာမေးပွဲ တစ်ခုဖြစ်တယ်။ အဲဒီ တော့ အခု စာမေးပွဲဖြေဖို့ ရက်အနည်းငယ် ပဲ လိုတော့ တယ်။ ကျန်တဲ့အချိန်တိုလေး မှာ အားသွန်ခွန်စိုက် ဒီစာမေးပွဲ အတွက်ပဲ ဂရုစိုက်ကြပါ။ ရတဲ့ အချိန်တိုလေး ကို အမိ အရ အားသွန်ခွန်စိုက် ကြိုးစားရင် ကိုယ့် ဘဝ အတွက် အများကြီး ပြောင်းလဲသွားနိုင် တယ်။

အမှတ်တွေ များရင် ကိုယ်လိုချင်တဲ့ ဘာသာရပ်ကို စိတ်ကြိုက် ရွေးချယ်နိုင် မယ်။ ကိုယ့်ရည်မှန်းချက် ပန်းတိုင် လည်း ပြည့် ဝသွားနိုင်မယ်။ ဒီအချိန်လေးကို လျစ် လျူရှုခဲ့ရင် မကြိုးစားဘဲ နေလိုက်မိရင် သူ များထက် နောက်ကျ ကျန်ခဲ့လိမ့်မယ်။ ဒါကြောင့် ညီငယ်၊ ညီမ ငယ်တွေ အားလုံး ကြိုးစားပါ လို့ ပြောချင်တယ်။

ဆန်းသစ်လ

၁ဝ တန်း စာမေးပွဲက လူတစ်ယောက် အတွက် အဆုံးအဖြတ် တစ်ခု ဖြစ်တယ်။ အရမ်းလည်း အရေးကြီး တဲ့ စာမေးပွဲ ဖြစ် တယ်။ ဘဝ တစ်ခုလုံးကို ပြောင်းလဲစေနိုင် တဲ့ မှတ်တိုင် တစ်ခုလည်း ဖြစ်တဲ့အတွက်
သေသေ ချာချာ ဂရုစိုက်ပြီး ကိုယ်လေ့လာ ထားတဲ့ စာတွေဖြေနိုင်ပါစေ။ အခု စာမေး ပွဲက တော်တော် နီးကပ်နေပြီ။ နီးကပ်မှ စာတွေ အရမ်းကျက်နေပြန်တော့လည်း မဖြစ် ဘူး။ ရထားတဲ့ ဟာကိုပဲ ပုံမှန်ပြန်ပြီး
လေ့ ကျင့်ပါ။

အသည်းအသန် တစ်အုပ်လုံး ကို လိုက်ပြီး ကျက်နေရင် စာမေးပွဲခန်း လည်း ရောက်ကြောက်တာ နဲ့ ထူပူ တာနဲ့ မေ့သွား မှာလည်း စိုးရိမ်တယ်။ အဓိက ကတော့ အခုရတဲ့ အချိန်တိုတိုလေး မှာ ကြိုးစား လိုက်ကြပါ။ အစ်မတုန်း ကဆိုရင် ကျက် ထားတာတွေ စာမေးပွဲခန်း လည်းရောက် ရော ရင်ခုန်တာနဲ့ စိတ်ပူတာ နဲ့ မေ့ သွားတာ ရှိတယ်။ အဓိက က မောင်လေး ညီမလေး တို့ စိတ်အေး အေးထား ပြီးတော့ ဖြေ ကြပါ။ တွေး
ကြောက်တာတွေ စိတ်ထဲ လုံးဝမထား ကြပါနဲ့လို့ ပြောချင်တယ်။

ထားထက်ထက်

၁ဝ တန်း စာမေးပွဲက အစိုးရစစ် ဖြစ် တဲ့အတွက် အရမ်း အရေးကြီးတဲ့ စာမေးပွဲ တစ်ခုဖြစ်သလို အား လုံးသော မောင်လေး ညီမလေးတို့ဘဝ တစ်ဆစ်ချိုးပြောင်း လဲ ပေးမယ့် စာမေးပွဲ ဖြစ်တဲ့ အတွက် အရမ်း အရေး ကြီးတယ်လို့ သတိပေးချင်တယ်။ တစ်နှစ်တည်း နဲ့အောင်တော့ မျက်နှာပွင့် တာပေါ့။ မိဘလည်း ပျော်မယ်။ ကိုယ့် ကျောင်း လည်း ဂုဏ်တက်မယ်။ အထူး သဖြင့် ကိုယ့်အတွက် ပိုပြီးတော့အခွင့် အရေးတွေ များလာမယ်။

အမှတ်တွေ များရင် ကိုယ့်မှာ ရွေးပိုင်ခွင့်တွေ အရမ်း များ မယ်။ အမှတ် နည်းနေရင်လည်း စိတ် ဓာတ်ကျစ ရာ မလိုဘူး။ အဓိက ကတော့ အခုကြိုးစားဖို့ပါပဲ။ အောင်ရုံပဲလို့ စိတ်ကို မဆုံးဖြတ်ပါနဲ့။ အမှတ် အမြင့်ဆုံး နဲ့ အောင် ရမယ်လို့ စိတ်ကို တင်းထားပါ။ ရသေးတဲ့ အချိန် နည်းနည်းလေးကို ဆက်ပြီးတော့ ကြိုးစားပါ။ တစ်အုပ်လုံးကို ကျက်တာထက် ရပြီးသား စာတွေကို ပြန်ပြီးတော့ ထပ်ခါ ထပ်ခါ လေ့ကျင့်စေချင်တယ်။ ဒီနှစ် ၁ဝ တန်းစာမေးပွဲ ဖြေမယ့် မောင်လေး ညီမ လေးတို့ အားလုံးဖြေနိုင်ကြပါစေ လို့ မထား ထက်က ဆုတောင်းပေးပါတယ်။

ပိုင်ဖြိုးသု

ဘယ်လို အခြေအနေ ပဲဖြစ်ဖြစ် ၁ဝ တန်းစာမေးပွဲ ကိုဖြစ်အောင် ဖြေစေချင် တယ်။ အခု သပိတ်မှောက်တာ နဲ့ တိုက် ဆိုင်နေတယ်။ မဖြေဖြစ်ရင် ၁ဝ တန်း ကလေးတွေ အတွက် တစ်နှစ်ဆိုတဲ့ အချိန် ကို နှမြောစရာ
ဖြစ်မယ်လေ။ ဒါပေမဲ့ သူတို့ လည်း သူတို့အလုပ် သူတို့ လှုပ်ရှားမှာလေ။ အပြစ်ပြောလို့ မရဘူး။ အဓိက ကတော့ အခု ၁ဝ တန်းဖြေမယ့် ကျောင်းသူ ကျောင်း သားတွေ အဆင်သင့် ပြင်ဆင် ထားပြီးပြီ လားပဲ အရေးကြီးတယ်။

ဒီ ၁ဝ တန်း စာ မေးပွဲက ၁ဝ တန်း ကျောင်းသား အားလုံးရဲ့ ဘဝတစ်ဆစ်ချိုးအကွေ့အကောက်တစ်ခု ကို ဆုံးဖြတ်ပေးမယ့် အရာဖြစ်တယ်။ အဲဒီတော့ ကံÓဏ်ဝီရိယ ရှိဖို့လိုကို လို အပ်တယ်။ အစ်မသူငယ်ချင်း တချို့ တွေ့ ဖူးတယ် စာမေးပွဲနီးကပ်မှ အသည်းအသန် ကျက်ပြီး ထူးထူးချွန်ချွန်နဲ့ အမှတ်ကောင်း
ကောင်းနဲ့ အောင်သွားတာရှိတယ်။ အဲဒီ တော့ ဒီအချိန်တိုလေးကို လက်မလွှတ် လိုက်ပါနဲ့။ ကြိုးစားကြပါ။ တချို့က ဂုဏ် ထူးတွေမှန်းပြီး မရရင်လည်း စိတ်ဓာတ် ကျစရာမလိုဘူး။ ၁ဝ တန်းစာမေးပွဲကို ထူးထူးချွန်ချွန်နဲ့ ဖြေဆိုနိုင်ကြပါစေ။ ကျက်မှတ်တဲ့ စာတွေကိုလည်း စာမေးပွဲ ခန်းမှာမမေ့ဘဲ သတိရပြီးဖြေနိုင်ကြပါစေ။

ဝိုင်းလမင်းအောင်

ကျွန်တော် ဒီနှစ် ၁ဝ တန်းဖြေမှာပါ။ အထက (၂) ကမာရွတ်မှာ ကျောင်းတက် တယ်။ ကျွန်တော်က အနု ပညာလည်း လုပ် တော့ အခု စာကို အိမ်မှာပဲ ကျူရှင် သဘော နဲ့ ခေါ်ပြီးသင်နေပါတယ်။ အဆင် သင့် လည်း ပြင်ဆင် ထားပါတယ်။ ၁ဝ တန်း နဲ့ ပတ်သက်ရင် အရေးကြီးတယ်။ အဓိက ကတော့ ကိုယ်တိုင် ကြိုးစားကြဖို့ပါပဲ။ ကိုယ်တိုင် အားလုံးပြင်ဆင် ရင်တော့ လွယ်ကူမှာပဲ။ သားက ဂုဏ်ထူး အထိတော့ မမှန်းထားဘူး။ မှန်းထားပြီး မရရင် ခံစား ရမှာလေ။ သား ၁ဝ တန်းပြီးရင်တော့ အနုပညာ သင်တန်းကျောင်း တက်မယ် လို့ ဆုံးဖြတ်ထားတယ်။

Popular Myanmar

မှတ်ချက်များ