ကောက်ရသည့် ဗုံးသီးဟောင်းကို ကလေးများ ကစားရာမှ ပေါက်ကွဲ၍ နှစ်ဦးသေ၊ ငါးဦး ဒဏ်ရာရ


ကော့ကရိတ်မြို့နယ်တွင် ဗုံးသီးဟောင်းတစ်လုံးကို ကလေးငယ်များ ကောက်ရပြီး ဆော့ကစားရာမှ ပေါက် ကွဲသဖြင့်နှစ်ဦး သေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့ ကြောင်းသတင်းရရှိသည်။

ကရင်ပြည်နယ်၊ ကော့က ရိတ်မြို့နယ်အတွင်း ဇန်န၀ါရီ ၃၀ ရက်မွန်းလွဲက အံကလော်ရွာ ဘုန်းကြီးကျောင်း အနီးမြောင်းကူး တံတားအောက်၌ ၄၀ မမ ဗုံးသီးဟောင်းတစ်လုံးကို ကလေးငယ်များတွေ့ရှိခဲ့ကြသည်။

အသက်(၈)နှစ် အရွယ် ယောက်ျားလေးတစ်ဦးက အဆိုပါ ဗုံးကို ဆော့ကစားရာ၌ပေါက်ကွဲသဖြင့် ၎င်းနှင့် အတူအခြားကလေး ငယ်တစ်ဦးသေဆုံးခဲ့သည်။ ထို့အပြင် ဗုံးပေါက်ကွဲစဉ်တွင်၎င်းတို့အနီး တွင်ရှိနေကြ
သော အသက်(၁၀) နှစ်အောက်ကလေး ငါးဦးလည်း ဒဏ်ရာများရရှိခဲ့၍ ကော့က ရိတ်ဆေးရုံ၌ ဆေးကု
ပေးနေရ ကြောင်းသတင်းရရှိသည်။အဆို ပါ ဗုံးပေါက်ကွဲမှုကို ကော့ကရိတ် မြို့မရဲစခန်းက အမှုဖွင့်ကာ စစ်ဆေးနေကြောင်း တာဝန်ရှိသူတစ် ဦးကပြောသည်။

အလားတူဖြစ်ရပ်မျိုး ၂၀၁၄ ဇူလိုင် ၅ရက်က ရှမ်းပြည်နယ်၊ မောက်မယ်မြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ဖြစ် ပွားခဲ့ဖူးသည်။ အ သက်(၁၀)နှစ်အောက် ကလေး ငယ် သုံးဦးသည် တောထဲ၌ ကောက်ရသော လက်ပစ် ဗုံးတစ်လုံးကို ကျောက်ခဲပေါ်ပစ်တင်လိုက်ရာ ပေါက်ကွဲပြီး ကလေးနှစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့ ဖူးသည်။

သန်းဌေး | 7day

မှတ်ချက်များ