တစ်နေ့စာဟောစာတမ်း (၂၃ ဖေဖော်ဝါရီလ ၂၀၁၅ )
Aries (မတ်- ၂၁ ရက် မှ ဧပြီ-၂၀ ရက်နေ့ မွေးသူများ)
ပတ်ဝန်းကျင်မှလူအများနှင့် ထိတွေ့ဆက်ဆံသောလုပ်ငန်းများ အတွက် ထင်သလောက်အဆင်မပြေနိုင်ပါ။ လုပ်ကိုင်သော လုပ်ငန်းများအတွက် ဝမ်းမြောက်ပျော်ရွှင်မှုများ ခံစားရမည်မဟုတ်။ အရာရာကိုစိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှုများဖြင့် အလေးထား လုပ်ကိုင်သင့်သည်။
Taurus (ဧပြီ-၂၁ မှ မေ-၂၁ ရက်နေ့ မွေးသူများ)
စိတ်အားထက်သန်ရှိမှု၊ ဖျက်လတ်တက်ကြွရှိမှုတို့က ယနေ့တာအတွက် လေးလံထိုင်းမှိုင်းခြင်း၊ တွေဝေ မိန်းမောနေခြင်းများကို တိုက်ထုတ်နိုင်မည်။ ကိုယ်စွမ်းကိုယ်စ ဥာဏ်ရည်ဥာဏ်သွေးနှင့်ဆိုင်သော လုပ်ငန်းဆောင်တာများ၊ ဖျော်ဖြေရေး ကစားပွဲများအတွက်ဦးစီးဦး ဆောင် ပါဝင်လှုပ်ရှားနေမည်။
Gemini (မေ-၂၂ မှ ဇွန် ၂၁ ရက်နေ့ မွေးသူများ)
ယနေ့အတွက် ခက်ခဲသောလုပ်ငန်းကိုင်ခန်းများ လုပ်ဆောင်နေရခြင်းဖြင့် ကျော်လွှားနေရမည်။ မိမိနှင့်မရင်းနှီးသော ပတ်ဝန်းကျင်နေရာသစ်များသို့ သွားရောက်နေထိုင်ရပါက ကြောက်ရွံ့မနေသင့်။ သင့်တင့်လျှောက်ပတ်စွာနေထိုင်တတ်ခြင်း ဖြင့် အဆင်ပြေသွားမည်ဖြစ်သည်။
Cancer (ဇွန်-၂၂ မှ ဇူလိုင် ၂၂ ရက်နေ့ မွေးသူများ)
တီထွင်ဖန်တီးနိုင်ခြင်း၊ ကိုယ်ပိုင်ဥာဏ်စွမ်းရည်၊ စွမ်းပကားရှိခြင်းတို့ ကြောင့် အကျိုးအမြတ်အောင်မြင်မှုများ စွာ ရရှိနိုင်မည်။ မိမိတွင် အတွေ့အကြုံ ဗဟုသုတများမပြည့်ဝလင့်ကစား အခွင့်အရေးများကို လက်လွတ် အဆုံးရှုံးမခံသင့်။ ပတ်ဝန်းကျင်မှ လူအများ၏စိတ်ဝင်စားမှု အကဲခတ်လေ့လာမှုများကို ရရှိရန်လိုအပ် သော
နေ့ရက်တစ်ရက်သာဖြစ်သည်။
Leo (ဇူလိုင်-၂၃ မှ သြဂုတ် ၂၃ ရက်နေ့ မွေးသူများ)
မယုံကြည်နိုင်မှုများ၊ သံသယများ၊ စိတ်ဖိစီးခြင်းများ၊ စိတ်အလိုမကျ ဖြစ်ခြင်းများကြောင့် အိမ်မက်စိတ်ကူးများ ကို လက်လွှတ်ရခြင်းများရှိ လာနိုင်သည်။ ကောင်းမွန်သော အဆက်အသွယ်များ၊ ရင်းနှီးခင်မင်သောပေါင်း သင်းဆက်ဆံရေးများကြောင့် လွယ်ကူစွာ ဖြင့် ပညာရေးသင်ကြားမှုများကို ရရှိလာနိုင်မည်ဖြစ်သည်။
Virgo (သြဂုတ်-၂၄ မှ စက်တင်ဘာ-၂၂ ရက်နေ့ မွေးသူများ)
ကြိုတင်စီစဉ်မှု၊ ပြင်ဆင်မှုများဖြင့် နေထိုင်သင့်သော နေ့ရက်တစ် ရက်ဖြစ်သည်။ လက်တွေ့ကျခြင်း၊ အရှိအတိုင်းလက်ခံနေထိုင်တတ် ခြင်းတို့ကသာ ရာသီဖွားများ၏ပင်ကိုယ်စရိုက်ကိုပေါ်လွင်စေမည်။ အိမ်ရာမြေပစ္စည်းများ၊ နည်းပညာပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ အစရှိသည်တို့နှင့် တွဲဖက်လုပ်ကိုင်ရမှုများ ကို စိတ်ဝင်တစားရှိနေ မည်။
Libra (စက်တင်ဘာ-၂၃ မှ အောက်တိုဘာ-၂၃ ရက်နေ့ မွေးသူများ)
ယနေ့အတွက် လုပ်ငန်းကိုင်ခန်းများအားလုံးအတွက် ပြီးပြည့်စုံသောနေ့ရက်တစ်ရက်သာဖြစ်သည်။ ရပ်ဝေးရပ်နီး ခရီးယာယီထွက်ခြင်းဖြင့် ကောင်းမွန်သောဆက်ဆံရေး၊ အတွေကအကြုံကောင်းများကို ရယူနိုင်မည်ဖြစ်သည်။
Scorpio ( အောက်တိုဘာ-၂၄ မှ နိုဝင်ဘာ-၂၂ ရက်နေ့ မွေးသူများ)
ရာသီဖွားတို့၏ ပင်ကိုယ်စရိုက်လက္ခဏာများအတွက် ပွင့်လင်းမြင်သာ မှုရှိအောင်နေထိုင်နေရမည်။ တိတ်တဆိတ်တစ်ဦးတည်းနေထိုင်ခြင်း၊ အရှက်အကြောက်ကြီးခြင်းတို့ကို စွန့်လွှတ်ကာ ပတ်ဝန်းကျင်နှင့်သ ဟဇာတဖြစ်အောင်နေထိုင်ခြင်းဖြင့် အဆင်ပြေ အောင်မြင်မှုများကို အရယူနိုင်မည်။
Sagittarius (နိုဝင်ဘာ-၂၃ မှ ဒီဇင်ဘာ-၂၁ ရက်နေ့ မွေးသူများ)
ပတ်ဝန်းကျင်ဆက်ဆံရေးကောင်းမွန်ခြင်း၊ အဆင့်အတန်းမြင့်မြင့်နှင့် ဆိုရှယ်ကျကျနေထိုင်တတ်ခြင်း တို့ကြောင့် ရာသီဖွားများကို လူသိနာ မည်ကျော်စေနိုင်သည်။ မြင့်မားသောစွမ်းရည်များရှိခြင်း၊ အကဲ ခတ်လေ့လာတတ်ခြင်းတို့ကြောင့် လူအများနှင့်မတူ တမူထူး ခြားကွဲပြားနေမည်ဖြစ်သည်။
Capricon (ဒီဇင်ဘာ -၂၂ မှ ဇန်နဝါရီ-၂၀ ရက်နေ့ မွေးသူများ)
အခြားသူများ၏ အမြင်များ၊ ခံယူချက်၊ စိတ်ခံစားမှုများကို ဦးစားပေး နားထောင်နေရမည့်နေ့ရက်တစ် ရက်တာဖြစ်သည်။ ကိုယ်ပိုင်အ တွေးအခေါ်များ၊ အတွေ့အကြုံများ၊ မေးခွန်းအဖြေများကို အခြားသူ များအတွက် ဗဟုသုတမျှဝေပေးရမည်လည်းဖြစ်သည်။
Aquarius (ဇန်နဝါရီ -၂၁ မှ ဖေဖော်ဝါရီ-၁၈ ရက်နေ့ မွေးသူများ)
ယနေ့အတွက် သူငယ်ချင်းများ၊ ရင်းနှီးမိတ်ဆွေအပေါင်းအဖော် များနှင့် ကောင်းမွန်သာယာသော ဆက်ဆံရေးများဖြစ်နေမည်။ ကိုယ်ဖြတ်သန်းခဲ့ဖူးသော အတွေ့အကြုံများ၊ အခြားသူများအတွက် ဗဟုသုတမျှဝေပေးရမည်လည်းဖြစ်သည်။
Pisces (ဖေဖော်ဝါရီ-၁၉ မှ မတ်-၂၀ ရက်နေ့ မွေးသူများ)
စိတ်အားထက်သန်သော၊ စိတ်ပါဝင်စားသော အကြောင်းအရာ ဘာသာရပ်များကို လေ့လာခွင့်ရရန်
ကောင်းမွန်သော ဆက်ဆံရေးများတွင် အပေးအယူသဘောမျိုးတွေ လုပ်ဆောင်နေရမည်။ ကိုယ်တိုင် အလိုရှိသော အောင်မြင်မှုများကို အခက်အခဲများအ ကြားမှ ကြိုးစားပုံဖော်ခြင်းဖြင့် အရယူနိုင်မည်ဖြစ်သည်။
ဖိုးသူတော်

မှတ်ချက်များ