ဗြိတိန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကြောင်အချစ်ဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် မှတ်တမ်းတင်ခံရ
လူသားတွေဟာ ကြောင် ဆိုတဲ့ တိရိစ္ဆာန်ကို ချစ်တတ်ကြပါတယ်။ အဲဒီထဲကမှ ဗြိတိန်နိုင်ငံက လူတွေဟာ
ကြောင်တွေကို အချစ်ဆုံးဖြစ်တယ်ဆိုရင် ငြင်းစရာ မရှိပါဘူး။
Petlog ဆိုတဲ့ အိမ်မွေးတိရိစ္ဆာန်အရေး ဆောင်ရွက်တဲ့ ၀က်ဘ်ဆိုက်ကတစ်ဆင့် ရှာဖွေကြည့်လိုက်တဲ့ အခါ မှာ သာမန်ကြောင် အမျိုးအစားတွေနဲ့ မတူညီပဲ ထူခြားတဲ့ ကြောင် တစ်မျိုးဟာ ၈၉ ရာခိုင်နှုန်းတိတိ ဗြိတိန်
နိုင်ငံမှာ ရှိနေတာကို တွေ့ခဲ့ရပါတယ်။
ထိုကြောင် အမျိုးအစားဟာ ပိုမိုကြီးမားတဲ့ မျက်လုံးတွေရှိပြီး အညိုရောင် (သို့) အဖြူရောင် (သို့) အရောင်စပ် ကြားတွေနဲ့ တွေ့ရလေ့ရှိပါတယ်။ ဘာမင်ဂမ်မြို့နဲ့ Guildford မြို့တို့ဟာ ကြောင်အများဆုံး ရှိတဲ့ ဒေသတွေ
ဖြစ်ပြီး Guildford မြို့မှာတော့ pedigree အမျိုးအစားကြောင်ပေါင်း ၇၀၀၀ ကျော်ရှိနေတယ်လို့ Petlog ရဲ့ သုတေသနအရ သိရပါတယ်။
ဗမာ အမျိုးအစား ကြောင်တွေကတော့ ပေါ်ပြူလာအဖြစ်ဆုံးကြောင်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ Guildford မြို့မှာဆိုရင် လူဦးရေ ၁၂ ယောက်မှာ ကြောင် ၁ ကောင်စီရှိတယ်လို့ သိရပါတယ်။
Mario | Trend Myanmar

မှတ်ချက်များ