ဘက်တီးရီးယားပိုးတွေ ပိုမိုပွားများမလာစေဖို့အတွက် ဖုန်းကို မကြာခဏ သန့်ရှင်းရေးလုပ်ပေးရန်လို
ကျွန်ုပ်တို့ဟာ ဖုန်းတွေကို တစ်နေ့ကို ၁၅၀ ကြိမ်ထက်မက ထိတွေ့ကိုင်တွယ်တတ်ကြကြောင်း သုတေသ နပြုချက်အရ သိရှိရပါတယ်။ အမေရိကန် သိပ္ပံပညာရှင်တွေကတော့ နမူနာယူထားတဲ့ ဖုန်း ၅၁ လုံးမှာ ဘက်တီးရီးယား အမျိုးအစားပေါင်း ၇,၀၀၀ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ တချို့ဘက်တီးရီးယားပိုးတွေက အန္တရာယ်မရှိပေမယ့် တစ်ချို့ကျတော့ အဲ့လို မဟုတ်ပါဘူး။
ဖုန်းကို အသုံးပြုလိုက်တဲ့အခါ ပူနွေးလာပြီး ဘက်တီးရီးယားပိုးတွေ ပွားများလာဖို့အတွက် အံကိုက် အနေအ ထားတောင် ဖြစ်သွားပါသေးတယ်။
မစင်တွေမှာတွေ့ရတဲ့ enterococcus နဲ့ သဘာဝမြေကြီးနဲ့ တိရိစ္ဆာန်တွေမှာတွေ့ရတဲ့ pseudomonas ဘက် တီးရီးယားတို့ကို ဖုန်းမှာ တွေ့ရပါတယ်။ နှစ်မျိုးစလုံးဟာ အန္တရာယ်ရှိပြီး ကူးစက်ရောဂါ ဖြစ်ပွားစေနိုင်တဲ့ ဘက်တီးရီးယားတွေ ဖြစ်ကြပါတယ်။ အက်ကြောင်းအက်ရာတွေပါတဲ့ Keypad ဖုန်းတွေက ပိုလို့တောင် ဆိုးပါသေးတယ်။ ဒါ့ကြောင့် မိမိဖုန်းကို ဘက်တီးရီးယားပိုး တိုက်ဖျက်ပေးတဲ့အဝတ်စနဲ့ နေ့တိုင်း သို့မဟုတ် မကြာမကြာ သုတ်ပေးသင့်တယ်။
Trend Myanmar

မှတ်ချက်များ