ဧရာဝတီ ပညာရေးစစ်ကြောင်း ကျိုက်လတ်ကို ချီတက်


ဧရာဝတီတိုင်း ပညာရေးဒီမိုကရေစီ စစ်ကြောင်းဟာ မအူပင်မြို့မှာရှိတဲ့ တက္ကသိုလ် ပရ၀ုဏ်တွေထဲမှာ မနေ့ က လှည့်လည် ချီတက်ဟောပြောခဲ့ကြပြီး ကျိုက်လတ်မြို့ကို ဒီနေ့စတင်ချီတက်ကြမှာဖြစ်ပါတယ်။

ပုသိမ်တက္ကသိုလ်က ကိုအောင်ခန့်ဇော်က အခုလိုပြောပါတယ်။

"မအူပင်မှာ မအူပင်ကတက္ကသိုလ် ၃ ခုကိုလှည့်လာ တယ်၊ ဝင်လို့ရတယ်၊ တက္ကသိုလ်ထဲ ထိလှည့်လို့ရ တယ်၊ မအူပင်နည်းပညာတက္ကသိုလ်ပါ တယ်၊ နောက်ကွန်ပျူတာတက္ကသိုလ်ပါတယ် "

တက္ကသိုလ်ပရ၀ုဏ်တွေမှာ အမျိုးသားပညာရေးဥပဒေ အကြောင်း ရှင်းလင်းဟောပြောပွဲတွေလည်း ကျင်းပ ခဲ့ကြ ပါတယ်။

ကွန်ပျူတာတက္ကသိုလ်မှာတော့ ကျောင်းသားတွေ စာသင်ခန်းတွေကနေထွက်လာဖို့ အခက်အခဲကြုံခဲ့ရ တယ်လို့ ဧရာဝတီတိုင်း ပညာရေးဒီမိုကရေစီ စစ်ကြောင်း ၀န်းရံကော်မတီဝင် ဦးအောင်မြင့်က ပြောပါ တယ်။

"အားလုံးပူးပေါင်းတယ်၊ မအူပင်ကကွန်ပျူတာတက္ကသိုလ်တစ်ခုထဲပေါ့နော်၊ စာသင်ချိန် ကိုလွှတ်မပေးပဲ နဲ့ ကျောင်းသားတွေက အပြင်ထွက်ဖို့ ခက်နေတာပေါ့နော်၊ နည်းပညာ တက္ကသိုလ်ကဆရာ၊ ဆရာမတွေ ကတော့ သပိတ်နဲ့ပူးပေါင်းဖို့ သူတို့ ကြေညာချက် ထုတ်ပေးတယ်၊ နည်းပညာ တက္ကသိုလ်မှာတော့ အင်အားကောင်းလို့ ဟောပြောပွဲ လုပ်တယ်၊ ပင်မတက္ကသိုလ်မှာလဲ အလုံးအရင်းနဲ့ အားပေးတယ်"

သပိတ်စစ်ကြောင်းတွေ တစ်မြို့ကတစ်မြို့ဆက်လက်ချီတက်တဲ့အခါ မြို့လူထုကပါ လိုက်ပါလာခဲ့ကြ ပြီး၊ နောက်ရောက်ရှိမယ့် မြို့ကလူထုကို လက်ဆင့်ကမ်း ပို့ဆောင်ဝန်းရံပေးခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောကြ ပါတယ်။

မန္တလေးမြို့ကရန်ကုန်မြို့အထိ ချီတက်လမ်းလျှောက်လာတဲ့ ဒီမိုကရေစီ ပညာရေး ပင်မ သပိတ်စစ်ကြောင်း ဟာ မကွေးတိုင်းနဲ့ ပဲခူးတိုင်းနယ်စပ်က ယုန်ဖြူတောင်နားကအတား အဆီးတွေ ကျော်ဖြတ်ပြီးပြည်မြို့ကို မနေ့ည ၈ နာရီက ရောက်ရှိသွားပါတယ်။ ပခုက္ကူနဲ့ မုံရွာက သပိတ်စစ်ကြောင်းနှစ်ခု ပူးပေါင်းလိုက်ပြီး ထား ၀ယ်နဲ့ မော်လမြိုင် သပိတ် စစ်ကြောင်းလည်းပူးပေါင်းလိုက်ပါတယ်။

RFA Burmese

မှတ်ချက်များ