အီမိုဂျီကာတွန်းရုပ်ပုံလေးတွေကို အသုံးပြုသူတွေဟာ အသုံးမပြုသူတွေထက် ပိုပြီး လိင်ဆက်ဆံတတ် တယ်လို့ သိရှိရ


၁၈နှစ် အထက် လူအယောက်ပေါင်း ၅၆၇၅ ယောက်ကို Match.com ကနေ စစ်တမ်းကောက်ယူမှု အရ မက်ဆေ့ခ်ျစာတို ပို့တဲ့အခါ အီမိုဂျီအရုပ်ကလေးတွေကို အသုံးပိုများတဲ့သူတွေဟာ သာမာန်လူတွေထက် ပိုပြီး လိင်ဆက်ဆံကြတယ်လို့ ဆိုပါတယ်။

လူတွေ ဘာကြောင့် ဒီအရုပ်ကလေးတွေကို အသုံးပြုရသလဲဆိုတဲ့ အကြောင်းရင်းတွေကတော့ ရှင်းရှင်း
လေးပါတဲ့။ အဲ့အရုပ်ကလေးတွေဟာ မိမိပင်ကိုယ်စရိုက်ကို ဖော်ပြပေးပြီး သုံးစွဲရ အဆင်ပြေလို့ပါတဲ့။ USA Today မှ ဒီစစ်တမ်းကောက်ယူမှုကို အကောင်ထည် ဖော်ခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ Helen Fisher ဆိုသူအား မေးမြန်းခဲ့ရာ အီမိုဂျီရုပ်ပုံလေးတွေကို အသုံးပြုတဲ့ သူတွေဟာ မိမိအကြောင်းခံစားချက်တွေကို ပိုဖော်ပြလိုပြီး ပိုပြီးတော့ လိင်ပိုင်းဆိုင်ရာအရလည်း ပိုပြီးဆက်နွယ်မှု ပြုလိုကြပါတယ်" လို့ ယင်းက ရှင်းပြ ခဲ့ပါတယ်။

အီမိုဂျီ အရုပ်ကလေးတွေကို အသုံးများတဲ့ တစ်ကိုယ်ရည် တစ်ကာယ ဖြစ်နေသူများကလည်း လိင်ဆက်ဆံ ဖို့အတွက် မျှော်လင့်နေကြပြီး လိင်ဆက်ဆံရာမှာလည်းပိုပြီး အထမြောက် လိုကြသူများလည်း ဖြစ်ပါတယ်။

Trend Myanmar

မှတ်ချက်များ