ဘယ်လိုဘော်ဒီဆို ဘာလေ့ကျင့်ခန်းလုပ်ရမယ်
ပြောင်းလဲသွားတတ်တဲ့ ခန္ဓာကိုယ်အချိုးအစားတွေကို ဇွန်း၊ သစ်တော်သီး၊ ပန်းသီး၊ ပေတံ၊ သဲနာရီစတာ
တွေနဲ့ ခိုင်းနှိုင်းပြီး ညွှန်း ဆိုကြတာကြောင့် ဖြစ်နေတဲ့ပုံစံအလိုက် လုပ်သင့်တဲ့လေ့ကျင့်ခန်း တွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။
ဇွန်း(သို့) သစ်တော်သီးပုံ
ခန္ဓာကိုယ်အပေါ်ပိုင်းသေးသွယ်ပြီး အောက်ဘက်ပိုင်းတွေ သိသိသာသာ ကြီးနေတဲ့ အချိုးအစားကို သတ် မှတ်ပါတယ်။ ဒီလိုခန္ဓာကိုယ်ဆိုရင်တော့ ကြိုးခုန်တာ၊ ခြေလက်မြှောက်ခုန်တာ၊ လမ်းလျှောက်တာတွေ လုပ်ပေးသင့်ပြီး သေးနေတဲ့အပေါ်ပိုင်းတွေ အတွက်လည်း အလေးအပင်မတဲ့ လေ့ကျင့်ခန်းမျိုးယူသင့် ပါတယ်။
ပန်းသီး(သို့) လုံးချွန်ပုံ
ခန္ဓာကိုယ်အောက်ပိုင်း သွယ်လျလှပပေမယ့် ပခုံးသား ကျယ်ကျယ်နဲ့ အပေါ်ပိုင်းပဲကြီးနေတဲ့ပုံစံမျိုးကို သတ် မှတ်တာပါ။ ခန္ဓာ ကိုယ်လှည့်တဲ့လေ့ကျင့်ခန်းမျိုးနဲ့ အသင့်လျော်ဆုံးဖြစ်ပြီး ကြိုးခုန် တာ၊ စက်ဘီးစီးတာမျိုး လည်း လုပ်ပေးနိုင်ပါတယ်။
ပေတံ (သို့) ထောင့်မှန်စတုဂံပုံ
ခန္ဓာကိုယ်အချိုးအစားကျတယ်လို့ဆိုနိုင်တဲ့ပုံစံမျိုးဖြစ်ပြီး အမျိုးသားတွေဆိုရင် ဗိုက်နည်းနည်းလေးထွက်နေ တဲ့ပုံစံမျိုးကို သတ်မှတ်ပါတယ်။ ဒီလိုခန္ဓာကိုယ်ရှိရင်တော့ မိနစ် ၃၀ လောက်လမ်းပေါ်မှာ အပြေးလေ့ကျင့် ခန်းလုပ်တာပဲဖြစ်ဖြစ် စက်အကူအညီနဲ့ပြေးတာပဲ ဖြစ်ဖြစ် လုပ်နိုင်သလို၊ ထိုင်ထ၊ လှေကားတက်၊ ဘတ်စ ကက် ဘော၊ ရေကူးစတာတွေလည်း လုပ်နိုင်ပါတယ်။
သဲနာရီပုံ
တင်၊ ရင်လှပြီး ခါးသေးသေးရှိတဲ့ ခန္ဓာကိုယ်မျိုးကို သတ်မှတ် ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး နွဲ့နှောင်းပျော့
ပျောင်းသွယ်လျသွား အောင်လို့ ကြိုးခုန်၊ စက်ဘီးနင်း၊ ရေကူးတာတွေ နာရီဝက်လောက် လုပ်ပေးသင့်သလို ကခုန်တာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။
7day

မှတ်ချက်များ