ကင်မရွန်းတွင် ဘိုကိုဟာရမ်အကြမ်းဖက်သမား ၃ဝဝ ထက်မနည်း ကျဆုံး


ကင်မရွန်းနိုင်ငံ မြောက်ပိုင်းတွင် ဗုဒ္ဓဟူးနေ့က ဘိုကိုဟာရမ် အကြမ်းဖက် သမားများနှင့် ကင်မရွန်းနှင့် ချဒ် ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဘိုကို ဟာရမ်စစ်သွေးကြွ အနည်းဆုံး ၃ဝဝ ကျဆုံးခဲ့ သည်။

နိုင်ဂျီးရီးယားနယ်စပ် မြောက်ပိုင်းရှိ ဖိုတိုကော်မြို့ တွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ချဒ်တပ်ဖွဲ့ ၁၆ ဦးနှင့် ကင်မ ရွန်းတပ်ဖွဲ့ဝင် ခုနစ်ဦးကျဆုံးခဲ့ကြောင်း စစ်ဘက် ဆိုင်ရာက ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် ထုတ်ဖော်ပြောကြား ခဲ့သည်။

သတင်းများအရ ထိုဒေသတွင် အစ္စလာမ် ဘာသာဝင် ၃ဝ အပါအဝင် ဒါဇင်နှင့်ချီသော မြို့နေ ပြည်သူများကို ဘိုကိုဟာရမ်များက သတ်ဖြတ်ခဲ့သည်။ အကြမ်းဖက်သမားအင်အား ၇ဝဝဝ ဝန်းကျင်ရှိပြီး ဗုဒ္ဓဟူးနေ့ နံနက် ပိုင်းက ဖိုတိုကော်တွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကာ အစပိုင်းတွင် ပူးပေါင်းတပ်များ ဆုတ်ခွာ ခဲ့ရသော်လည်း
ပြန်လည်ထိုးစစ်ဆင်ခဲ့ကာ နာရီ အနည်းငယ်အတွင်း ဖိုတိုကော်ကို ပြန်လည်သိမ်းယူနိုင်ခဲ့ ကြောင်း သိရ သည်။

ထိုဝန်းကျင်ရှိ ရွာသားများ၏အဆို အရ မြို့နေပြည်သူအများအပြား နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ရကြောင်း
သိရသည်။ မကြာသေးမီက အာဖရိက နိုင်ငံများအဖွဲ့က ပြုလုပ်ခဲ့သော အစည်းအဝေးတွင် နိုင်ငံပေါင်းစုံမှ တပ်ဖွဲ့ဝင် ၇၅ဝဝ ခန့်ဖြင့် ဘိုကို ဟာရမ်စစ်သွေးကြွများကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြ သည်။

The Mirror Daily

မှတ်ချက်များ