ဂျီဟတ်အဖွဲ့ဝင်ဟု ယူဆရသူ ခြောက်ဦးကို ပြင်သစ်ဖမ်းဆီး


ပြင်သစ် နိုင်ငံတွင် ISIS စစ်သွေးကြွ များကို သတင်း ပေးပို့သည့် ကွန်ရက်တစ်ခု တွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ ခြောက်ဦးကို အာဏာပိုင် များက ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း သိရသည်။

ယခု ဖမ်းဆီးခြင်း ခံရသူများကို နိုင်ငံ တောင်ပိုင်း အယ်ဘီနှင့် တူးလူ့စ်မြို့ တစ်ဝန်းတွင် ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သော စီးနင်းမှုများ အတွင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီး ဘားနက် ကာဇမ်နူးက ပြောကြား ခဲ့သည်။

ပြင်သစ် နိုင်ငံတွင် လွန်ခဲ့သော ဇန်နဝါရီလ က အစွန်းရောက် သမား သုံးဦး၏ တိုက်ခိုက်မှုကြောင့် ၄င်းတို့ အပါအဝင် လူ ၂ဝ ဦး သေဆုံးခဲ့ပြီး ချိန်မှစ၍ အစွန်းရောက် သမားဟု ယူဆရ သူများကို ပစ်မှတ်ထား၍ ဖမ်း ဆီးမှု များကို အာဏာပိုင် များက လုပ်ဆောင်လျက် ရှိသည်။

‪‎PyiChitThar‬

မှတ်ချက်များ