တန်ဖိုးမဖြတ်နိုင်တဲ့ ရွှေဒင်္ဂါးတွေ ပင်လယ်ကြမ်းပြင်မှာတွေ့ရှိ


အစ္စရေး မြေထဲပင်လယ် ကမ်းခြေမှာ အစ္စရေး ရေငုတ်သမားတွေက ရွှေဒင်္ဂါးအမြောက်အမြားကို မထင်မှတ် ဘဲ တွေ့ရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၁ ထောင်လောက်က ရွှေဒင်္ဂါး ၂ ထောင်လောက်ကို ပင်လယ်ကြမ်းပြင်မှာ ရေငုတ်အဖွဲ့က တွေ့ခဲ့တာလို့ အစ္စရေး ရှေးဟောင်းယဉ်ကျေးမှု အရာရှိတွေက ပြောပါတယ်။

ရွှေဒင်္ဂါးတွေဟာ အလေးချိန် ၉ ကီလိုရှိပြီး တွေ့စက ရေငုတ်သမားတွေက အစစ်လို့မထင်ခဲ့တဲ့ ဒင်္ဂါးတွေ ဟာ တန်ဖိုးမဖြတ်နိုင်အောင် အဖိုးတန်နေတယ်လို့ အရာရှိတွေက ပြောပါတယ်။

ရေငုတ်အဖွဲ့ဟာ ဆီစာရီယာ ရှေးဟောင်းဆိပ်ကမ်းမှာ စူးစမ်းရှာဖွေနေရာက ရွှေဒင်္ဂါးတွေကို တွေ့ရှိခဲ့တာ
ဖြစ်ပြီး သက္ကရာဇ် ၉၀၉ ကနေ ၁၁၇၁ ခုနှစ်အထိ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကကို အုပ်ချုပ်ခဲ့တဲ့ Fatimid Caliphate ခေတ်မှာ ထုတ်ခဲ့တာလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

BBC Burmese

မှတ်ချက်များ