အသားစားငါးအုပ်မှ ဝိုင်းကိုက်ခံရပြီးတဲ့နောက် ကလေးမလေးတစ်ယောက် အသက်ဆုံးရှုံး


ဇန်နဝါရီ ၂၇ ရက်နေ့က အသက် (၆)နှစ်အရွယ် ကလေးမလေးတစ်ယောက်ဟာ ဘရာဇီးလ်နိုင်ငံမှာ သူမ ရဲ့မိဘနှစ်ပါးရယ်၊ ဘိုးဘွားတွေရယ်၊ တခြားသော ကလေး ၄ ယောက်နဲ့အတူ အားလပ် ရက်အပန်းထွက် ကြနေချိန်အတွင်း Rio Maricuru မှာ အသေးစား လှေမှောက်သွားခဲ့တာကြောင့် အသားစားငါးတစ်အုပ် ဝိုင်းကိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း Independent မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

"သူမကို ဆွဲထားခဲ့ပေမယ့် ဘေးနားက အခြားကလေးတွကြောင့် လက်ထဲကနေ လွတ်ထွက်သွားတယ်။ ကမ်းနား ရောက်တဲ့အချိန်မှာ သူမကို မတွေ့ရတော့ဘူး” လို့ သူမ အဘွားဖြစ်သူက ဒေသ သတင်းမီဒီယာ ကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

ကလေးမရဲ့ အလောင်းကို ပြန်တွေ့တဲ့အချိန်မှာတော့ သူမရဲ့ ခြေထောက်တွေကို အပိုင်းပိုင်းဝါးမျိုခံခဲ့တာကို ၀မ်းနည်းကြေကွဲဖွယ် မြင်တွေ့ခဲ့ရပါတယ်။ ။ သူမအလောင်းကို Monte Alegre က အစိုးရဆေးရုံက ရင်ခွဲ ရုံမှာ ပို့ထားခဲ့တယ်။

ရဲ့တပ်ဖွဲ့အနေနဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်နေပေမယ့် ဒါဟာ ဝမ်းနည်းဖွယ်ကောင်းတဲ့ မတော်တဆ အဖြစ်အ ပျက်တစ်ခုဖြစ်သာဖြစ်ပြီး ဘယ်လိုအကြောင်းအကြောင့်နဲ့မှ အခြားလူတွေကို တရားစွဲလို့ မရတဲ့အဖြစ်မျိုး
ဖြစ်တယ်လို့ ဆိုပါတယ်။



Trend Myanmar


မှတ်ချက်များ