ဖုန်းပိုင်ရှင်ရေချိုးနေတာကို ထိုဖုန်းနဲ့ပဲ ဓါတ်ပုံခိုးရိုက်ပြီး Facebook တင်ခဲ့တဲ့ ဖောက်ထွင်း ၀ိဇ္ဖာ နှာဘူး


ဖောက်ထွင်း ၀ိဇ္ဖာ နှာဘူးတစ်ယောက်ဟာ အမျိုးသမီးတစ်ဦး ရဲ့ နေအိမ်အတွင်း ဖောက်ထွင်း ၀င်ရောက် ခဲ့ပြီး ထိုအမျိုးသမီးရဲ့ ဖုန်းကိုခိုးယူကာ ထိုအမျိုးသမီး ရေချိုးနေတာကို ဓါတ်ပုံတွေ ရိုက်ကူးလို့ Facebook ပေါ် Post လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဖလော်ရီဒါပြည်နယ် ၊ Alamonte Springs မြို့မှာရှိတဲ့ နေအိမ်တွေကို ရဲတပ်ဖွဲ့ဝင်တွေက အနီရောင်အဆင့် နဲ့ သတိပေးထားပါတယ်။ ထို အနီရောင်အဆင့် သတိပေးခံထားရတဲ့ ဖောက်ထွင်းဝိဇ္ဖာဟာ အိမ်တွေကို ဖောက်ထွင်း ၀င်ရောက်ပြီး မိမိကိုယ်ကိုလည်း စိတ်ဖြေတတ်တဲ့(Masturbates) အကျင့်လည်း ရှိတယ်လို့ ထည့်သွင်း သတိပေးခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဖြစ်တဲ့ Rob Pelton က “လူတစ်ယောက်ရဲ့ ဖုန်းကို ခိုးယူပြီး အဲဒီဖုန်းနဲ့ပဲ ဖုန်းပိုင်ရှင် ရေချိုးနေတာကို ဓါတ်ပုံခိုးရိုက်ပြီး Facebook ပေါ် Post လုပ်တာမျိုး တစ်ခါမှ မကြားဖူးပါဘူး။ အားလုံးပဲ မိမိရေချိုးနေတုန်းမှာ မိမိနေအိမ်ထဲ တစ်ယောက်ယောက် ရောက်မနေဖို့ ကို အထူးသတိရှိကြပါ” လို့ ထိုအမှုနဲ့ ပတ်သက်ပြီး ဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ ဘလော့ ၂ ခုကျော်က တိုက်ခန်းတစ်ခုမှာ တွေ့ရတဲ့ သူစိမ်းတစ်ယောက်ကို သံသယ ရှိတဲ့ အတွက် စစ်ဆေးမှုတွေ ပြုလုပ်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

Trend Myanmar

မှတ်ချက်များ