တောင်းဆိုမှုများလိုက်လျောခြင်းမရှိဟုဆိုကာ PTTEP လုပ်သားများ ထိုင်း-မြန်မာအလံလက်ပတ်များ ၀တ်ဆင်ဆန္ဒပြ


သဘာဝပတ်ဝန်းကျင် ထိခိုက်သည့်လုပ်ဆောင်မှုများနှင့် မြန်မာဝန်ထမ်းများကို ခွဲခြား ဆက်ဆံမှုများ ရပ်တန့်ပေးရန် တောင်းဆိုမှုများကို ထိုင်းPTTEP ကုမ္ပဏီက လိုက်လျောခြင်းမရှိဟု ဆိုကာ မြန်မာလုပ်သား များသည် ထိုင်း-မြန်မာအလံပါလက်ပတ် များဝတ်ဆင်ပြီး ဖေဖော်ဝါရီ ၂၀ ရက်တွင်စတင်ဆန္ဒပြနေကြောင်း သတင်းရရှိသည်။

မြန်မာလုပ်သားများ၏ တောင်းဆိုချက်များကို ကုမ္ပဏီ ဘက်က ကျေနပ်လောက်သည်အထိ လိုက်လျော မှုမရှိသဖြင့် ဆန္ဒ ထုတ်ဖော်ရခြင်းဖြစ်ကြောင်း အ လုပ်သမားတစ်ဦးက ပြောသည်။‘‘နှစ်ပတ်ကျော်တဲ့အထိ ဘာ မှတုံ့ပြန်တာမရှိသေးဘူး။ ညှိနှိုင်း နေတယ်လို့ပဲပြောတယ်။ အခုထိ လေဆီမီးရှို့တယ်။ ပင်လယ်ပြင် မှာ ညစ်ညမ်းနေတုန်းပဲ။ ကျွန် တော်တို့ တောင်းဆိုချက် မရမချင်း ဆက်လက်ဆန္ဒထုတ်ဖော်သွား မယ်’’ဟု ၎င်း က ဆက်လက်ပြော သည်။

ထို့အပြင် မြန်မာလုပ်သား များက ကုမ္ပဏီ၏ပြောကြားချက် များသည် လက်ရှိအနေအထားနှင့် ကွဲလွဲမှုများ ရှိနေသောကြောင့် မြန် မာလုပ်သား၊ စွမ်းအင်ဝန်ကြီးဌာန နှင့် ကုမ္ပဏီတို့တွေ့ဆုံဆွေးနွေး ရန် ဖေဖော်ဝါရီ ၂၀ရက်တွင်ကြေ ညာချက်ထုတ်တောင်းဆိုခဲ့သည်။

လက်ရှိတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ကုမ္ပ ဏီနှင့် မြန်မာလုပ်သားများညှိနှိုင်း ခဲ့ပြီး ကုမ္ပဏီ၏နောက်ဆုံးဆုံးဖြတ် ချက် မထွက်သေးသောကြောင့် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း PTTEP ကုမ္ပဏီဆက်ဆံရေးအ ရာရှိ ဒေါ်တင်နီလာစိုးကပြော သည်။

‘‘သူတို့တောင်းဆိုထားတဲ့ လခတွေက အရမ်းများနေတယ်။ ဒါတွေကကျွမ်းကျင်တဲ့သူတွေကို စာချုပ်ချုပ်ပေး တဲ့နှုန်း ဖြစ်နေ တယ်။ အမြဲတမ်းဝန်ထမ်းတွေကျတော့ အဲဒီလောက်နှုန်းပေးလို့မရ ဘူးဖြစ်နေတယ်’’ဟု ၎င်းက ပြော သည်။

ပင်လယ်ပြင်တွင် လေဆီမီး ရှို့ခြင်းကို စွမ်းအင်ဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့ပြီးသဘာဝပတ် ၀န်းကျင် ထိန်းသိမ်း မှုကိုလည်း နိုင်ငံတကာစံနှုန်း များအတိုင်းသာ ဆောင်ရွက် ကြောင်း ကုမ္ပဏီက
ဖေဖော်ဝါရီ ၄ ရက်၌ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာလုပ်သားများအနေ ဖြင့် ထိုင်းကုမ္ပဏီက မြန်မာဝန်ထမ်းများကို ခွဲခြားဆက်ဆံခြင်း၊ ဓာတ်ငွေ့တူး
ဖော်ရာတွင် ထွက် လာသည့် စွန့်ပစ်ပစ္စည်းများကို ပင် လယ်ပြင်သို့ တိုက်ရိုက်စွန့်ပစ်ခြင်း နှင့် ယင်းလုပ် ရပ်ကိုထောက်ပြ သည့် ၀န်ထမ်းများအား လစာတိုး နှုန်းလျှော့ချခြင်းများပြုလုပ်သည် ကို ရပ်တန့်ပေး ရန်ဖေဖော်ဝါရီ ၂ ရက်တွင်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

7Day

မှတ်ချက်များ