Tablet ပုံစံဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့် Portable EVD Player များ ဈေးကွက်ဝင်
Tablet ပုံစံဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့် AEK တံဆိပ် Portable EVD Player များကို ပြည်တွင်းဈေးကွက် တွင် ဝယ်ယူနိုင်ပြီဖြစ်ပြီး အပြာ၊ အနီ၊ ရွှေ ကာလာသုံးရောင်ဖြင့် ထုတ်လုပ် ထားကြောင်း သိရသည်။
အဆိုပါ EVD Player များအား စားပွဲပေါ်တွင်ထောင်ကာ အသုံးပြုနိုင်မည့်အပြင် ပေါင်ပေါ်တင်သုံးခြင်းနှင့် လက်ဆွဲအနေဖြင့်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ မြင်ကွင်းအရွယ်အစား ၉.၈ လက်မရှိပြီး TFT LED Display အမျိုးအစားဖြစ်သည်။ ၃ လက်မ စပီကာကို ထည့်သွင်းထားသည့်အတွက် အသံထွက် ကျယ်
လောင်မှု ရှိမည်ဖြစ်ပြီး DVD, VCD, MP3, MP4, MP5, WMA, MPEG, AVI, VOB, DIVX, JPEG စသည့် အခွေမျိုးစုံ ဖတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
HDMI, USB, SD Card ပေါက်များ ပါဝင်မည်ဖြစ်ပြီး AV input နှင့် AV output ပေါက်များအပြင် TV tuner စနစ်နှင့် FM ရေဒီယိုစနစ်များ ထောက်ပံ့ပါဝင်မည် ဖြစ်သည်။ လစ်သီယမ်ဘက်ထရီ Built-in အနေဖြင့် ပါဝင်ပြီး ဘက်ထရီဖြင့်ပင် ၃ နာရီဝန်းကျင်ခန့် အသုံးပြုနိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ ၅၅,၀၀၀ ကျပ်ဝန်းကျင် ရှိပြီး အမြို့မြို့အနယ်နယ်ရှိ စူပါမားကတ်များ၊ အီလက်ထရွန်းနစ် အရောင်းဆိုင်များနှင့် AEK အရောင်းပြခန်း ဖုန်း- ၀၁၉၀၀၀၂၃၂ တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။
ရဲထွဋ်ဝင်း | Internet Journal

မှတ်ချက်များ