3D reality က innovation ဖြစ်လာမလား

၂၀၁၃ နှစ်ကုန် တုန်းက Eleven Media က ပြုလုပ်ကျင်းပတဲ့ Mobile App မိတ်ဆက်ပွဲကိုသွားဖြစ်ခဲ့တာ သတိရပါသေးတယ်။ သူတို့ရဲ့ App ကို စင်္ကာပူ ကုမ္ဗဏီတစ်ခုကနေ လုပ်ပေးခဲ့တာ ဖြစ်ပါ တယ်။ ယင်း App လုပ်ပေးခဲ့တဲ့ ကုမ္ဗဏီမှာ အဲ့ဒီမှာတင်ပဲ သူတို့ရဲ့ Product တစ်ခုကို ကြေညာခဲ့ပါ တယ်။ ယင်းကတော့ 3D အမြင်နဲ့အိမ်ခန်းတွေကို ကြည့်ရှုလို့ရမယ့် Mobile App ဖြစ်ပါတယ်။

ဒီတော့ အဲ့ဒီဟာကို ကျနော် အခုလို စာရေးပြီး ပြောပြနေတာကို မမြင်မှာစိုးလို့http://www.megaworldatthefort.com/the-venice-virtual-tour/ ထဲမှာ ကိုယ်တိုင် သွားကြည့်ကြည့်ပါ။ သူကတော့ ဖုန်းနဲ့မဟုတ်တော့ပဲ ကွန်ပြူတာကနေ ကြည့်ချင်သူများအတွက် လည်း ဖန်တီးထားတဲ့ ဗားရှင်း ဖြစ်ပါတယ်။ သူက ကွန်ဒိုကို ဝယ်ချင်သူများအတွက် ကွန်ဒို ရှိတဲ့ နေရာ အထိ လာစရာမလိုပဲ အင်တာနက်ကနေ ကြည့်ရှုလို့ရအောင် ဖန်တီးပေးထားခြင်း ဖြစ်ပါတယ်။

3D view ဖြစ်တာကြောင့် ကွန်ပြူတာကနေ မော့က်စ်လေးနဲ့ ရွေ့လိုက်ရင် အိမ် အထဲ 360 ဒီဂရီ အမြင်ကို ရရှိပါလိမ့်မယ်။ full screen mode ပြုလုပ်ပြီးတော့ ကြည့်ကြည့်ပါ။ အိမ်တစ်အိမ်ထဲကို ဝင်ကြည့်ရသလို feeling ရအောင် သူအကောင်းဆုံး ဖန်တီးထားပါတယ်။ Open world gaming ဆော့ရတာနဲ့ ဘာကွာ သလဲဆို ဂိမ်းက action ပါပြီး ဒီ 3D real estate ကတော့ အတွင်းခန်းတွေကို ကြည့်ရုံလေး သက်သက် ဖြစ်ပါတယ်။

ဒီတော့ လက်ရှိ မြန်မာပြည်မှာ 3D တွေလည်း ခေတ်စားနေပါပြီ။ ရုပ်ရှင်ရုံမှာ 3D ကြည့်တာတင် မကပဲ Google Cardboard လိုဟာတွေနဲ့လည်း ကြည့်နေပါပြီ။ စဉ်းစားစရာ မေးခွန်းက ကိုယ့်ရဲ့ စီးပွားရေး လုပ်ငန်းကို 3D အမြင်တွေ ပေါင်းလိုက်ခြင်းက innovation ဖြစ်မဖြစ်ပေါ့။ြ

မြန်မာပြည်ကhttp://www.imyanmarhouse.com/ ဝဘ်ဆိုဒ်တစ်ခု အနေနဲ့ပဲ စဉ်းစားကြပါစို့။ မိတ်ဆွေ အနေနဲ့ 3D အမြင်ပါတဲ့ ဝဘ်ဆိုဒ်နဲ့ App ကို သုံးရတာ ကြိုက်မလား ခပ်ရိုးရိုးကို ကြိုက်မလား.။ အဲ့ဒီ မေးခွန်းကို အဖြေခင် အများကြိုက်တာ ကတော့ အင်တာနက် လိုင်းနှေးနှေးမှာ ခပ်မြန်မြန် ကြည့်လို့ရတဲ့ ဆိုဒ် ဖြစ်ဖို့သာ လိုကြောင်း ဆိုပါလိမ့်မယ်။ 3D view တစ်ခုအတွက် internet speed သိပ်အမြန်ကြီး မလိုအပ်အောင် ဖန်တီးလို့ ရပါတယ်။ သူက data ကို low speed မှာ ဆွဲထားပြီး ပြန်လည်ပြသခြင်း နည်းပညာကို အသုံးပြုလို့ရပါတယ်။

အဓိကကတော့ နည်းပညာပါ။ မြန်မာပြည်မှာ လက်ရှိ ကုမ္ဗဏီ အများစုမှာ လိုအပ်တာက နည်းပညာ ဖြစ်ပြီး ဒါကို နိုင်ငံခြားဘက်ကနေ သယ်လာရတာ များပါတယ်။ အမှန်တော့ အစောက ပြောခဲ့တဲ့ 3D view တို့ ဆိုတာ ပုံရိပ်အတွက်သက်သက်ဆိုရင် လွယ်တကူ လုပ်လို့ရတဲ့ အရာပါ။ 360 Degree ရိုက်ရတဲ့ ကင်မရာ တန်ဖိုးတစ်ခု ရှိပါလိမ့်မယ်။ ဒါတွေကို အွန်လိုင်းမှာ ဆိုဒ်သေးပြီး တင်လို့ရအောင် ဖန်တီးမှုမှာ ကုန်ပါမယ်။ ဒါတွေဟာ Data Virtualization ဆိုတဲ့ ခေါင်းစဉ် အောက်ကို ဝင်သွားပါတယ်။ အနာဂတ်မှာ Data ကို Virtualize ဖြစ်အောင် လုပ်တာဟာ innovative တစ်ခုအနေနဲ့ ရှုမြင်သူတွေ များလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အောင်ခမ်း - ရိုးရာလေး

မှတ်ချက်များ