မြန်ဖို့ထက် မှန်ဖို့က ပိုပြီး အရေးကြီးတယ်


လမ်းဖြည်း ဖြည်းခြင်း လျောက်နေသော အဘိုးအိုကို ကြည့်ပြီး ငယ်ရွယ်သောလူငယ်တစ်ဦးက ရယ်လေ တယ်။ ထို့နောက် လူငယ်လေးက အဘိုးအိုကို ပြောတယ်။

အဘိုးရယ် ဒီထက်မြန်အောင် လျောက်လို့ မရတော့ဘူးလား။ ဒီလိုသာ လမ်းလျောက်နေရင် အဘိုး လိုရာခ ရီးကို ရောက်တော့မှာ မဟုတ်ဘူး။ အဘိုးက ပြုံးပြီး ပြန်ပြောတယ်။

မလိုပါဘူး ကလေးရယ်။ လမ်းလျောက်တဲ့ အခါမှာ မြန်မြန်လျောက်ဖို့ မလိုဘူး။ ပုံမှန် လျောက်နိုင်ဖို့က အရမ်းအရေးကြီးတယ်။ မြန်မြန်လျောက်သော်လည်း ပုံမှန် မလျောက်နိုင်ဘူး ဆိုရင် လိုရာ ပန်းတိုင်ကို ရောက်မှာ မဟုတ်ပါဘူး။

လူ့ဘဝ မှာလည်း ဒီလိုပါပဲ။ အလုပ် တစ်ခုခုကို အရမ်းမြန်မြန် လုပ်ဖို့ထက် ပုံမှန် လုပ်ဖို့က ပိုမိုပြီး အရေးကြီးပါတယ်။ မြန်မြန် လုပ်သော်လည်း ပုံမှန် မလုပ်နိုင်ဘူး ဆိုရင် လိုရာ ခရီးကို ရောက်မှာ မဟုတ်ပါဘူး။

ကျော်လင်းနိုင် - ရိုးရာလေး

မှတ်ချက်များ