ဂျင်မ်စတားဂျက်စ်နဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ ဘယ်ဒူနာ


တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီးဘယ်ဒူနာသည် ၎င်း၏ချစ်သူ ဟောလိဝုဒ်သရုပ်ဆောင်မင်းသား ဂျင်မ် စတားဂျက်စ်နှင့် တရားဝင်လမ်းခွဲလိုက်ပြီဖြစ်သည်။

ဘယ်ဒူနာတို့စုံတွဲ လမ်းခွဲလိုက်ပြီဟူသောသတင်းကို ဘယ် ဒူနာ၏ အေဂျင်စီက မတ်လ ၁၂ ရက်တွင် အတည်ပြုပြောကြားခဲ့ သော်လည်း ၎င်းတို့စုံတွဲလမ်းခွဲရ သည့်အကြောင်းရင်းကိုမူ ပုဂ္ဂိုလ် ရေးကိစ္စအဖြစ် ထုတ်ဖော်ပြော ကြားရန် ငြင်းဆိုခဲ့သည်။

ဘယ်ဒူနာနှင့် ဂျင်မ်စတား ဂျက်စ်တို့သည် ၂၀၁၂ တွင် Cloud Atlas ဟောလိဝုဒ်ရုပ်ရှင် ဇာတ်ကား၌ ပူးတွဲသရုပ်ဆောင်ခဲ့ ကြသူများဖြစ်ပြီး ၂၀၁၄ မေလ ကိန်းစ်နိုင်ငံတကာရုပ်ရှင်ပွဲတော် ၌ ၎င်းတို့ချစ် ကြိုက်နေကြောင်းတရားဝင်ထုတ်ဖော်ပြောကြားခဲ့ သည်။

ကေဒရာမာစတား ဘယ်ဒူ နာသည် Louis Vuitton ၏ ၂၀၁၅-၁၆ ဖက်ရှင်သီတင်းပတ် အစီအစဉ်အတွက် လက်ရှိတွင် ပြင်သစ်နိုင်ငံ ပါရီမြို့သို့ရောက်ရှိ နေသည်ဟု သိရသည်။

7day

မှတ်ချက်များ