ကိုးကန့်ဒေသတိုက်ပွဲတွင် တပ်မတော်(လေ)မှကြဲချသောဗုံး တရုတ်နိုင်ငံဘက်ကျရောက်ပြီး လေးဦးသေဆုံး ခဲ့၍ ကျူးလွန်သူကို ဖော်ထုတ်အရေးယူပေးရန် တရုတ်တောင်းဆို



ကိုးကန့်ဒေသတိုက်ပွဲတွင် တပ်မတော်(လေ)မှ ကြဲချလိုက်သည့်ဗုံး တရုတ်နိုင်ငံတွင်းသို့ ကျရောက်ပေါက် ကွဲခြင်းကြောင့် တရုတ်နိုင်ငံသားလေးဦး သေဆုံးသည့်ဖြစ်စဉ်ကို အသေးစိတ်စုံစမ်းစစ်ဆေးရန်နှင့် ကျူးလွန် သူများကို ဖော်ထုတ်အရေးယူပေးရန် တရုတ်အစိုးရက မြန်မာအစိုးရထံ တောင်းဆိုလိုက် သည်။

သောကြာနေ့က တရုတ်ပိုက်နက်အတွင်း မြန်မာတိုက်လေယာဉ်မှ ကြဲချသည်ဆိုသော ဗုံးပေါက်ကွဲမှုဖြစ် ပွားပြီးနောက် တရုတ်လေတပ်မှ တိုက်လေ ယာဉ်များကို နှစ်နိုင်ငံနယ်စပ်တွင် ကင်းလှည့်ပျံဝဲခြင်းများ စတင် လုပ်ဆောင်နေကြောင်း တရုတ်တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားကြောင်း Pepole Daily China သတင်းဌာနက ဖော်ပြထားသည်။

မတ်လ ၁၃ ရက် တရုတ်စံတော်ချိန် ညနေ ၄ နာရီ ၄၀ မိနစ်က နှစ်နိုင်ငံနယ်စပ်အနီး တပ်စွဲထားသည့် ကိုး ကန့်လက်နက်ကိုင်တပ်ဖွဲ့သို့ ဦးတည်ကြဲချ လိုက်သည့် မြန်မာ့တိုက်လေယာဉ်မှ ဗုံးအချို့မှာ တရုတ်နိုင်ငံ၊ လင်စန်းမြို့ရှိ ကြံစိုက်ခင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် တရုတ်နိုင်ငံသား လယ်သမားလေး ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရကြောင်း တရုတ်သတင်းမီဒီယာများက ဖော်ပြထားသည်။

ကိုးကန့်တိုက်ပွဲအတွင်း တရုတ်နိုင်ငံဘက်ခြမ်းသို့ ဗုံးကျရောက်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး တရုတ်အစိုးရ က ယခုဖြစ်စဉ်အပေါ် မြန်မာအစိုးရအား အပြစ်တင်ကြောင်းနှင့် တာဝန်ရှိသူကို အပြစ်ပေးရန် မြန်မာသံအ မတ်ကြီး ဦးသစ်လင်းအုန်းအား တရုတ်နိုင်ငံခြားရေးဝန်ကြီး လီဇောင်မင်က ချက်ချင်းဆင့်ခေါ်သတိပေးခဲ့ သည်။

မြန်မာသံအမတ်ကြီး၏ သတင်းပေးပို့ချက်အရ ယနေ့ (မတ် ၁၄ ရက်)တွင် နေပြည်တော်၌ ယင်းကိစ္စနှင့် ပတ်သက်၍ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံခြားရေးဒုဝန်ကြီး ဦးသန့်ကျော်က ပြောသည်။

7day

မှတ်ချက်များ